ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

နောက်တခေတ်အတွက်တဘောင်

ယောအတွင်းဝန် ဦးဖိုးလှိုင် ရေးသားခဲ့သော တဘောင်
သာသနာတစ်ဝက် ခရီးမှာဖြင့်
ကနက်ထီးတွေနှင့် ပျက်ဆီးဖို့အရေးကြုံ
ရွှေပေးမယ် မယုံ ငွေပေးမယ် မယုံ
နယ်အကုန်ပျက်မည့်အရေး ပြန်စလို့တွေး ။
တံတားတွေ အလျှင်ဆောက်လို့
ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်
ပြည်တော်ပြန်မယ်ထွေးကို နန်းတင်မှအေး။
တပင်တိုင်ခဝါ ချပြီမို့
နာကြတဲ့ အသီးတွေ တွန့်ခေါက်လို့ကြွေ
အသီးတွေရာသီပြောင်း သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေက အော် ။
ဒေါင်းအော်ရင် သူလာလိမ့်မည်လေး
ခြသေ့င်္မင်းတန်ခိုးကြွယ် တိုး၍ပျက်ဦးမယ်
ဂူအောင်းတဲ့ ခင်ကြီးပျော်တို့ရယ်
သမီးတော်လွှတ်လိုက်ကြဦး
ဇာမဏီ ကြက်မ သူတွန်လျှင်
ဇမ္ဗူတစ်ခွင် လင်းလို့မဆုံး ။