ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

စေတနာ့ မေတ္တာရှင် ဆရာသခင်ဦးကောဝိဒအား ဂုဏ်ပြုပါသည်

မြန်မာ့ဂုဏ်ရောင် ကျက်သရေဆောင် သာသနာ့ဂုဏ်ရောင် မညိုးအောင်ပ၊ ညီညွတ်ကြပါ ဒို့တကာ။
ညီညွတ်မှ ပြည်သာမို့၊ ပြည်သူတွေ လက်တွဲကြပါစို့ ရယ်လို့ မှာထားခဲ့တဲ့ ဒို့ဆရာ။
အများတွက်ပေမို့ မေတ္တတရားလွန်ကြီးမားလေတော့၊ အသက်ချွေခါနီးသော်လဲ ရဲရဲချွန်သူစွန့်စားခဲ့တဲ့ ဒို့ဆရာ။
ပရိယတ်သာသနာ ရောင်ဝါထွန်းစေဘို့ နေညမအား ပင်ပန်းမှု မဓာနမထားဘဲ စာဝါတွေပို့ချခဲ့တဲ့ ဒို့ဆရာ။
အဓွန်ရှည်ကြာ သာသနာအတွက် မညှိးမှိန်ရန်မို့၊ မျိုးစေ့သည်အပင် အပင်သည်အမျိုးစေ့ရှင်သန်စေဘို့ ဥယျာဉ်မှူးပမာ စိုက်ပျိုးလာခဲ့တဲ့ ဒို့ဆရာ။
ခန္ဓာသာကြွေ ဆရာနာမည်မသေဘူး သာသနာ့အာဇာနည်ဘွဲ့ထူးကို သူဆွတ်ခူးခဲ့တဲ့ ဒို့ ဆရာ။
ကောင်းမှူဂုဏ် ပါရမီအထူးကြောင့် ဘယ်တော့မှ ဒုဂ္ဂတိသို့မလားရောက်နိုင်ဟု ယုံကြည်ရတဲ့ ဒို့ဆရာ။
လူ့ပြည်နတ်ရပ်ဗြဟ္မာဘုံ အထပ်ထပ်သာ လားရောက်နိုင်သောကြောင့် ဘယ်တော့မှစိုးရိမ်စရာမလိုသော ဒို့ဆရာ။
နိုင်ငံရေးဆိုတာဒို့မသိ အကြိမ်ကြိမ်ပြောခဲ့ ဘာသာရေးတွေပျက်စီးမှာ ကြောက်လေသောကြောင့် ပါဝင်ခဲ့ရတဲ့ ဒို့ဆရာ။
အများမြင်မှာ ရဟန်းရှင်ဟာ နိုင်ငံအရေး ရှုပ်ထွေးမှုတွေ မလုပ်သင့်လို့ အပြောခံခဲ့ရတဲ့ ဒို့ဆရာ။
တကယ့်တကယ်တော့ စေတနာနဲ့  မေတ္တာကို လူတွေက မသိရှာလေတဲ့ ဒို့ဆရာ။
နောက်ဆုံးမှာတော့ ဒို့လဲအသက်ကြီးရင့်လို့သွားချိန်နီးပါပြီ သတိသံဝေဂဥာဏ် ရင့်သန်လေတော့ တပည့်တို့ရေ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူစင်စိတ်ကိုထား အဲဒါဘုရားရှင်ဟောခဲ့တဲ့ ဆိုဆုံးမစကားရယ်လို့ ဆုံးမခဲ့တဲ့ ဒို့ ဆရာ၊
ဆရာ့ကျေးဇူးဂုဏ်အထူးကို ကာယဝစီမနောချီလျက် သုံးလီဒွါရ ပဏာမဖြင့် ဦးညွှတ်ရိုကြိုးလက်စုံမိုးလို့ ရှိခိုးလိုက်ပါ၏ ဆရာသခင်ကျေးဇူးရှင်မြတ်ဘုရား။
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်







အမေရိကန်နိုင်ငံ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြတောင်းဆိုပွဲတွင် ဆရာတော်ဦးပညာဝံသ၊ ဆရာတော်ဦးအဂ္ဂဓမ္မတို့နှင့်တကွ ဆရာတော်သံဃာတော်များ မှတ်တမ်းတင်ဓာတ်ပုံ

နအဖစစ်အာဏာရှင်ပြုတ်ကြအောင်ဆန့် ကျင်ကြပါစို့

မြန် မာနိုင်ငံ နအဖ စစ်အာဏာရှင်ဟာ အင်မတံကို လူမဆန်သောလုပ်ရပ်များ မိမိကိုယ်
ိုတိုင်နား မလည်၍လုပ်နေသလား
ဆိုတာကို နိုင်ငံတကာမှ သိရှိနေကြပြီဘဲ ၊အဲဒါကို အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂမှနေ၍ ပြည်ပြည်ဆိုင်
ကမ္ဘာ့ခေါင်းဆောင်ကြီးများက
မြန်မာစစ်အာဏာရှင် တွေကိုကြောက်ရွံ့ နေကြသည်ကိုပင်အံ့ သြဘွယ်ကောင်းတယ် ။
တကယ်ဆိုရင်လက်ခံသင့်မခံသင့်ကိုကုလသမဂ္ဂကအမှန်တကယ်ရဲရဲရင့်ရင့်ဆုံးဖြတ်သင့်ပြီလို့ တင်ပြလိုပါတယ။်
ပြည်သူ့ တရပ်လုံးကို ရန်သူသဘွယ်သတ်ဖြတ်နေသည်ကိုလည်း အပြည်ပြည်မှသိနေတာဘဲ့မဟုတ်လား။ နအဖ
စစ်အာဏာရှင်က တကယ့်ရန်သူလိုဆက်ဆံလာကြတာတွေကိုပြည်သူတွေသိနေပါပြီ ။ယခုအချိန်တွင်
ဆင့်ကဲဆင့်ကဲသိလာသဖြစ်
လူထုတရပ်လုံးက တပြိုင်နက်တည်း တောင်းဆိုခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်
နှင့်ဖမ်းဆီးထားသောကျောင်းသားများပြန်လွတ်ပေးရေး ကိုတစိုက်မတ်မတ်တောင်းဆို သော်လည်းဂရု
မစိုက်အလေးမမူပြုနေသည်ကိုအတိုက်အခံကျောင်းသားများနှင့် ရဟန်းသံဃာပြည်သူတရပ်လုံးကအဖြေ
ဘယ်လိုရှာမလဲ ။ ဘာတွေဆင့်ကဲဆင့်ကဲဆက်လုပ်သင့်သလဲ။လူတယောက်ကခေါင်းဆောင်အဖြစ်ပေါ်ထွက်လာပြီးရင်
သေရဲ သတ်ရဲ တိုက်ရဲကြသူကဘယ်မှာလဲမရှိတော့ ဘူးလို့ များသူတို့  ထင်နေကြသလား။ပေါ်လာမှာကိုတော့ 
သတိထားကြရဲ့ လားဆိုတာသိစေခြင်ပါတယ်။ ဘယ်အာဏာရှင်ဖြစ်ဖြစ်ကြဆုံးရမယ်ဆိုတာကိုကမ္ဘာကသိနေကြတာ
ဘဲ့။ ပြည်သူတရပ်လုံးကဇွဲမရှော့ဘဲဆက်လက်လုပ်ဆောင်တိုက်ပွဲဝင်ကြမယ်ဆိုရင်တနေ့ နေ့ အောင်ပွဲရမှာမလွဲပါဘူး ။
ထိန့် လန့် တုန်လှုပ်မှုတွေနဲ့ ရင်ဆိုင်နေကြရသော နအဖ စစ်အာဏာရှင်တစ်စုဟာ ယခုအချိန်မှာ အိပ်မရစားမဝင်ဘဲပြုံး
ဟန်ပြ၍မဲ့နေကြသူတွေကိုအများပြည်သူမြင်တွေ့ နေကြပြီဘဲ ထို့ ကြောင့်ဆက်လက်တိုက်ပွဲဝင်သွားကြရန်တာဝန်
သိသူတဦးအနေနဲ့ တိုက်တွန်းနှိုး ဆော်အပ်ပါသည်။

နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ

ဆရာတော်ဦးအဂ္ဂဓမ္မ၏ သြ၀ါဒ

တခုသောညနေခင်းမှာ နေမင်းကြီးဝင်သွားသလို လူတိုင်းရဲ့ ဘ၀တွေဟာလဲပျက်စီးကြရမယ်ဆိုတာကိုသိနေကြပေမဲ့ သတိဆိုတဲ့တရားကနည်းပါးတော့

မကောင်းမှုတွေကိုသာ အဖန်အဖန်ပြုလုပ်နေကြတယ်။ မိမိရဲ့ထွက်သက်ဝင်သက်လေးတိုင်းဟာ သေတဲ့အချိန်တွေပါဘဲ့လို့ အမှတ်ရနေမယ်ဆိုရင်

ဘာဝနာပွားများခြင်းရဲ့ အမှတ်သညာတစ်ခုဖြစ်ပါတယ်။

နအဖ ဘာကောင်တွေလဲ

ဘာမထီ သာယာဝတီ ဦးညေယျတဲ့လား။
လဲလျောင်းထောင်တွင်း ကြိမ်ကြိမ်နှင်းခဲ့။
လူလိုသိပါ ကိုယ်ချင်းစာတဲ့။
လူ့လိုစိတ်ဓာတ် အကျင့်မြတ်က။
လားနိုင်ပါယ်ရွာ မရှိရှာဘူး။
နွားလိုအသိ အကျင့်မရှိက။
လားရောက်ပါယ်ရွာ ပေါ်မလာဘူး။
သတင်းမှားစွာ ထုတ်ဖေါ်ကာဖြင့်။
တိကျမှန်ကန် မထုတ်ပြန်ဘဲ။
ထားဘိမှတ်တမ်း သမိုင်းလမ်းတွင်။
ဝေးလေဝေးလေ မေ့မနေဘဲ။
ဝေနီးမှာပင် မုန်းစိတ်ဝင်ခဲ့။
ရှောင်ကျင့်ဒုစရိုက် မရှိများစွာ။
ခွာသိလူ့ရွာ ထိုချိန်ခါဝယ်။
စဉ်းငယ်အမျှ ပေါ်၍မရဘူး။
စားခြင်းအိပ်ခြင်း သိလျင်းနှင့်။
ပါပါဒုစရိုက် သူကျင့်လိုက်တာ။


နေမင်းရာဇာ (အသျှင်အဂ္ဂဓမ္မ)
ဖြေရှင်းချက်-ပါပါဟူသောစကားသည် မကောင်းမှုကို ဆိုလိုပါသည်။
ပထမဆုံးတလုံးမှ အောက်သို့ တလုံးစီစဉ်၍ဖတ်ပါမှ အဓိပ္ပါယ်ထွက်ပါမည်။

what are you

မင့်ဟာဘယ်သူလဲဆိုတာကော မင်းကိုမင်းခွဲခြားသိသလား?
ဘ၀ဆိုဟာ မတည်မြဲဘူးဆိုတာကိုကော မင်းသိနိုင်ရဲ့လား?
သေတစ်နေ့ မွေးတစ်နေ့ပါ၊ ပြောင်းလဲမှုဆိုတာ တစ်နေ့တော့ ဖြစ်လာမှာပါ သန်းရွှေ။