ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

”မဟာဗျူဟာ တရုပ်၏ စီမံကိန်းနှင့် အနာဂတ်မြန်မာနိုင်ငံ”( ပြည်ချစ်သား) jan05,2012

 ”မဟာဗျူဟာ တရုပ်၏ စီမံကိန်းနှင့် အနာဂတ်မြန်မာနိုင်ငံ”( ပြည်ချစ်သား) jan05,2012

မြန်မာနိုင်ငံသည် နအဖအုပ်စိုးခဲ့ သည့် နှစ်၂၀ကျော်ကာလ အတွင်း မြန်မာပြည်သားများ အတွက် ကောင်းကျိုးအမွေများ မရှိခဲ့ သော်လည်း ဆိုးကျိုးအမွေများက များပြားလှပါပေ၏ ၊ ထိုအကြောင်းအရာ အချက်အလက်တွေ အကြီးမားဆုံးအရာများကို ဖေါ်ထုတ် ပြပါဆိုလျှင်...

၁၊ တနိုင်ငံလုံးတွင် တရားဥပဒေ ကင်းမဲ့ခြင်း၊

၂၊ ပညာရေးစနစ်၊ကျမ္မာရေးစနစ်လုံးဝပျက်စီးသွားခြင်း၊

၃၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးသွားခြင်း၊

၎၊ တိုင်းတပါးသားများ မြန်မာနိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်၍ စီးပွားရေး စိုးမိုးချယ်လှယ်ခြင်း၊

၅၊ မိမိတို့ စည်းစိမ်ဥစ္စာ အာဏာကို ကာကွယ်ရန်အတွက် မပြုလုပ်သင့်သော တရုပ်တို့  နှင့် မဟာဗျုဟာ စီမံကိန်း /ဆွေမျိုးဖေါက်ဖေါ်စီမံကိန်း စာချုပ်များချုပ်ဆို၍ တိုင်း ပြည်၏ သယံဇာတများအပေါ် တရုတ်တို့ အား ကြိုက်သလို ချယ်လှယ်ခွင့်ပေးခြင်း၊

( ဤနေရာတွင် နောက်ဆုံးအချက်ဖြစ်သော တရုပ်နဲ့ လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူ ဟာ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အန္တရာယ်အများဆုံးစီမံကိန်း ဟု ဆိုချင်ပါသည်၊ စာချုပ်ရခြင်း၏ ရည်ရွယ်ချက် မှာနအဖ တို့ အတွက် မိမိတို့ ၏ အာဏာနဲ့ စည်းစိမ်ကို ကာကွယ်ရန်အတွက်သာ ဖြစ်သော်လည်း တရုပ်တို့ အတွက်တော့ အရာရာတိုင်းမှာ အသုံးဝင်သောစာချုပ်ဖြစ်သည်၊)

၆၊ မြန်မာနိုင်ငံမှ မြေပေါ် မြေအောက် ၊ ရေပေါ်ရေအောက် သယံဇာတ ပစ္စည်းများ ဈေး ပေါပေါဖြင့်ရယူရန်၊

၇၊ တရုပ်လူမျိုးများ မြန်မာနိုင်ငံအနှံ့  အခြေချနေထိုင်စေ၍ တရုပ်လူမျိုးများပြန့် နှံ့ စေပြီး နောင် တချိန်တွင် မြန်မာနိုင်ငံအား လက်အောက်ခံပြည်နယ်အဖြစ် သိမ်းသွင်းရန်၊

၈၊ တရုပ်နဲ့ အခြားအင်အားကြီးနိုင်ငံတို့ စစ်ဖြစ်ခဲ့သော် ထောက်ပံ့ ရေးလမ်း(သို့ မဟုတ်) ရှေ့ တန်း ခံကတုတ်အဖြစ် အသုံးပြုရန်တို့ ဖြစ်သည်၊

နံပါတ်(၆) အချက်သည် လက်ရှိကာလတွင် တကယ်ဖြစ်ပျက်နေသည့် လူတိုင်းသိနေသည့် အတွက် အထူးရှင်းပြစရာမလိုပါ၊

နံပါတ်(၇) အချက်သည် တရုပ်တို့ ၏ လျှို့ ဝှက်မြေပုံအသစ်တွင် အထက်မြန်မာပြည် ထည့် သွင်းထားပြီးသွားပြီ၊

(၈) အချက်ကို ဝေဖန်ကြပါစို့ ၊ ယနေ့ ပထ၀ီ အနေအထား နဲ့ နိုင်ငံရေး၊စစ်ရေး အနေအထားကို လေ့ လာရမည်ဆိုလျှင် အရှေ့ ဖက်ဆုံးဖြစ်သော ဂျပန်နဲ့ တရုပ်တို့ ၏ အနေအထားကို အရင်လေ့ လာရပေမည်၊ ဂျပန်သည် တချိန်က တရုပ်ကိုသိမ်းပိုက်၍ တရုပ်တို့ အား အနိုင်ကျင့်ခဲ့ ဖူး၏။

အရင်က မနိုင် ၊ ငြိမ်ခံခဲ့ ကြသော်လည်း ယခုတရုပ်တို့ စစ်ရေး၊စီးပွါးရေး အင်အားကြီးမားလာသောအခါ ဂျပန်တို့ အပေါ် ဂလဲ့စား ချေချင်နေသည်၊

ဒါကို ဂျပန် ကလည်းသိပါသည် ။ ထို့ ကြောင့်ပင် အမေရိကန်ဆက်ဆံရေးကို အမြဲတန်း ထိန်းထားနေရပါသည်၊

တရုပ်နဲ့ ပြဿနာ မဖြစ်အောင်လည်း အမြဲတန်း သတိထား၍ ဆက်ဆံနေရပါသည်၊ တဖက်ကလည်း စစ်ရေးသုံးစရိတ်ကို တိုးမြှင့်၍သုံးစွဲလာရပါသည်၊

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်၏ စစ်ရေး အသုံးစရိတ် ကန့်သတ်ခြင်း ခံထားရသော်လည်း ဒီတခါတော့ အမေရိကန်တို့ က ဘာမှမပြောတော့ပါ ။နားလည်မှု ပေးလိုက်ပါသည်၊

တရုပ်နဲ့ တခြားနိုင်ငံတို့ စစ်ဖြစ်ခဲ့သော ထိုင်ဝမ်သည် မည်သည့်ဘက်မှ ရပ်တည်မည်ကို မသိရသော်လည်း ကွန်မြူနစ်အစိုးရနဲ့ တော့ မပေါင်း နိုင်ဟု ယူဆရပါသည်၊

နောက် တခုမှာ တောင်တရုတ်ပင်လယ်မှ ပေါ်ထွက်လာသော ကျွန်းကိစ္စဖြစ်၏၊ ပတ်ဝန်းကျင်ရှိ နိုင်ငံ အားလုံးက သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေကြ၏၊ အရှေ့ တောင်အာရှနိုင်ငံများက ထွက်ရှိလာသည့် သယံဇာတများကို ခွဲဝေ သုံးစွဲချင်ကြသော်လည်း တရုပ်တို့ က တဦးတည်းပိုင် လိုချင်၏၊

ထိုအခါ မြေပြင်၊ရေပြင် ထိစပ်နေသည့် တရုပ်နဲ့ ဗီယက်နမ်သည် မကြာခဏပြဿနာတက်၏၊ ယခင်စစ်အေးခေတ်ကာလကလည်း တရုပ်တို့ ထောက်ခံအားပေးထားသော ကမ္ဘောဒီးယား မှ ပိုပေါ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချပြီး ၊ယခုထိ အာဏာရနေသော ဟွန်ဆန်အစိုးရကို တင်မြှောက် မှုနဲ့ ပတ်သက်၍ တရုပ်နဲ့ ဗီယက်နမ် တို့  နယ်စပ် စစ်ပွဲဆင်နွှဲကြရာတွင် တရုပ်ဘက်မှ တပ်သား တသိန်းခန့် ၊ ဗီယက်နမ်ဘက်မှ တပ်သား သုံးသောင်းခန့်  ကျဆုံးခဲ့ဖူးပါသည်၊

ထိုစစ်ပွဲတွင် တရုပ်တို့ သည် မိမိတို့ စစ်သားများကို ပခုံးချင်းယှဉ်၍ ထိုးစစ်ဆင်စေခဲ့ပြီး ၊မတက်ရဲသည့် စစ်သားများကို အချင်းချင်း နောက်ကနေ ပစ်ခဲ့ပါသည် ၊။

ကွန်မြူနစ်ချင်းတူသော်လည်း ဗီယက်နမ်သည် ဆိုဗိယက် ကျောထောက်နောက်ခံပေးထားသော လီနင်ဝါဒ ကွန်မြူနစ်ဖြစ်ပါသည်၊

ဆိုဗီယက်ပြိုကွဲသွားသောအခါ အဖေါ်မဲ့ နေသော ဗီယက်နမ်သည် အာစီ ယံ အဖွဲ့ ထဲသို့ မြန်မာနိုင်ငံနဲ့ တနှစ်ထဲ ၀င်ရောက်ခဲ့ ပါသည်၊ အဲဒီလို တရုပ်ကို ရင်ဆိုင်ရဲသော ဗီယက်နမ်ကို အမေရိကန်သည် ယခင်ပိတ်ဆို့ ထားသော စီးပွါးရေး ဒဏ်ခတ်မှုကို ဖွင့်ပေးခဲ့ သည်၊ ဖွင့်ပေးခဲ့ လို့ လည်း ဗီယက်နမ်သည် ယခင်နဲ့ မတူ။တိုးတက်နေပေပြီ။

၅ နှစ်ခန့် သာရှိသော အမေရိကန်+ဗီယက်နမ်ဆက်ဆံရေးနောက်ပိုင်း ဗီယက်နမ်၏ တိုးတက်မှု။ အနှစ်၂၀ရှိပြီဖြစ်သော နအဖနဲ့ တရုပ်တို့ ဆက်ဆံရေးနောက်ပိုင်း မြန်မာနိုင်ငံ၏တိုးတက်မှုကို နှိုင်းယှဉ်ပြပါဆိုလျှင် မြန်မာနိုင်ငံတွင် အားလုံးဆုတ်ယုတ်သွားခဲ့ ရပါသည်၊

တရုပ်နဲ့ ရင်ဆိုင်ရန်အတွက် ဗီယက်နမ်သည် ပိုက်ဆံရှိဖို့ လိုသည်ဟု အမေရိကန်တွက်ပုံရသည်၊ ဖီလစ်ပိုင်သည် ယခင်က အမေရိကန်ရေတပ်စခန်းကို ဆက်မထားချင်သော်လည်း ယခုတော့ တရုပ်ရန်ကို ကြောက်၍ မပြန်ပါနဲ့ ဦီးလို့ မတားယုံ တမယ်ပင် ဖြစ်နေရပါသည်၊

အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ လွယ်လင့်တကူ ကူးမြောက်သွားပါပြီ၊ ဒီတော့ ဆူနာမီ ရေဘေးဒုက္ခသည်တို့ ကို အကူအညီမြောက်များစွာ ပေး၍လည်း အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံသည် မဟာမိတ်ဖြစ်ပြီး၊ မိတ်ဆွေရင်းဖြစ်နေပြီ။

တရုပ်တို့ သည် မည်မျှလောက်ပင် ချမ်းသာပါစေ ။ကမ္ဘာ့နိုင်ငံများ ဒုက္ခရောက်သည့်အခါ မည်သည့်အခါမှ ကူညီဖေါ်မရပါ ။ ဆွေမျိုးပေါက်ဖေါ် ဆိုသည်ြ့မန်မာနိုင်ငံ နာဂစ်မုန်တိုင်း ၀င်မွှေတုန်းက ဘယ်လောက်ကူညီခဲ့ ဘူးပါသလဲ လို့ မေးခွန်းထုတ်ပါရစေ၊

သူ့ မှာအရံငွေတွေ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါလျှက်နဲ့ သူ့  နိုင်ငံ ငလျှင်ဒဏ်ခံရသည့် အခါ တခြားနိုင်ငံမှာ အလှူ လိုက်ခံနေသေးသည် သာကြည့်ပါ၊

ကျန်သည့် အရှေ့ တောင် အာရှုနိင်ငံ များမှာ အနောက်နိုင်ငံ၏ မိတ်ဆွေနိုင်ငံများဖြစ်၍ အထူးဝေဘန် စရာမရှိပါ၊

ဝေဘန်စရာရှိသည်မှာ ကျနော်တို့ ၏ အနောက်ဖက်ရှိ နိုင်ငံကြီးတခုဖြစ်သည့် အိန္ဒိယနိုင်ငံဖြစ်သည်၊ အိန္ဒိယသည် တိဗက်အရေးနဲ့ ပတ်သက်၍ တရုပ်နဲ့ စစ်ပွဲ(၃) ကြိမ်တိုင်တိုင်ဖြစ်ခဲ့ ဖူးသည်၊

အကြောင်းရင်းမှာသီးခြားလွတ်လပ်သည့်နိုင်ငံတခုဖြစ်သည့် တိဗက်ကို ၀င်သိမ်းပိုက်၍ ဒလိုင်းလားမား ကို နှင်ထုတ်ကာ တိဗက်ကို သူပိုင်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်၊ အိန္ဒိယအုပ်ချုပ် မှုလက်အောက် ရှိ တိဗက်ပိုင်လျှင် ငါပိုင်သည်ဟု ဆိုကာ အတင်းအဓမ္မပြန်တောင်းယူသည့် အတွက် စစ်ပွဲတွေ ဖြစ်ခဲ့ရသည် ။

တိဗက်နိုင်ငံအားလုံး ရရှိသည့် အပေါ် အားမရသေးဘဲ ဘာမှမဟုတ်သည့်  နယ်မြေလေးကို အတင်းအဓမ္မတောင်းယူနေသည်၊ အော့နှလုံးနာလောက်သည်၊ တကယ်တန်းမှာ တရုပ်နိုင်ငံဆိုသည်မှာ ကျဉ်းကျဉ်းလေးဖြစ်ပါသည်၊ တိဗက်ပြည်သည် တရုပ်နိုင်ငံ၏(၃) ပုံ(၁)ခန့် သာရှိမည်ထင်သည်၊ inner mon golia ဆိုသည်မှာ တချိန်က mon golia ကို တရုပ်နဲ့ ရှရှားတို့ တယောက်တ၀က်ခွဲ ယူခဲ့ ၍သာ (၂)ပိုင်း ကွဲသွားခြင်းဖြစ်သည်၊

ရှရှားတို့ က ၄င်းအပိုင်Mon golia ကို သီးသန့် နိုင်ငံအဖြစ် ထားရှိခဲ့ပြီး၊ ယခုဆိုလျှင် ဒီမိုကရေစီတိုင်းပြည်ဖြစ်နေပါပြီ ။

တရုပ်လက်အောက်ရှိ mon Goliaမှာတော့ တရုပ်တို့ ၏ ၀င်ရောက်အခြေချမှုကြောင့် mon golia လူမျိုးပင် ပျောက်နေလောက်ပြီ ။ တိဗက်အပါအ၀င် အနောက်မြောက်ဖက်ရှိ ပြည်နယ်များမှာလည်း တရုပ်နဲ့ ဘာသာစကား ယဉ်ကျေးမှု့ မတူပါ ။ ထိုနယ်မြေများသို့လည်း တရုပ်လူမျိုးများအား ကြီးစွာသော ထောက်ပံ့  မှုများ ပေးကာ ၀င်ရောက်အခြေချခိုင်းပါသည်၊

မြန်မာနိုင်ငံတွင်လဲ မြောက်ပိုင်းမှဘင်္ဂလားပင်လယ်အော်အထိ ၀င်ရောက်အခြေချနေသည်ကို မြင်တတ်အောင်ကြည့် ဖို့ လိုပါသည်၊ တိဗက်အပါအ၀င် တရုပ်လက်အောက်ခံပြည်နယ်များ တရုပ်လက်အောက်မှ ရုန်းထွက်တိုက်ပွဲဝင်နေကြသော်လည်း မြန်မာ့စစ်ဗိုလ်များမှာ ကြည်ကြည်ဖြူဖြူဖြင့် တရုပ်လက်ထဲသို့  နိုင်ငံ တခုလုံးကို ထိုးအပ်နေသည်မှာ ရင်နာစရာကောင်းလှသည် ၊

တရုပ်တို့ မဟုတ်တယုတ် လုပ်ရပ်များမှာ သမိုင်းတခေတ်မှ ယနေ့  မျက်မှောက်အထိ များပြားစွာရှိပါသည်၊ ဆူဒန်ကိစ္စမှာ ဆိုလျှင် အခြားနိုင်ငံတို့က ပြည်တွင်းစစ်ပြီးဆုံးရန်အတွက် လုပ်ဆောင်နေခဲ့ ကြသော်လဲ တရုပ်ကလက်နက်ရောင်းပေး၏ ၊လစ်ဗျားကိစ္စမှာတော့ ကဒါဖီကို အတင်းထောက်ခံခဲ့ သော်လည်း N T C က အနိုင်ရသောအခါ တရုပ်တို့ အတွက် တွက်ခြေ လွဲသွားသည် ၊

မြန်မာပြည်လို နိုင်ငံသေးသေးကို မပြောနဲ့ ။ အမေရိကန်တွေတောင် ခံလိုက်ရသေး။ ယခု ကာလီဖိုးနီးယားပြည်နယ် မြို့ ကြီးပြကြီးများတွင် မြေ အများစုကို တရုပ်တို့ က ပိုင်ဆိုင်ထားသည် ။၊အခြားပြည်နယ်များတွင် အိမ်တခုလုံးကို ဒေါ်လာ ၆၀၀ ခန့် သာပေးရသော်လည်း ၊ ကာလီဖိုးနီးယားမှာတော့  အိပ်ခန်းတခန်းထဲကို ၇၀၀ လောက်ပေးရသည်၊

ဖြစ်ပျက်ပုံက ဒီလိုပါ ။ တချိန်တုန်းက တရုပ်တို့ သည် ရှိသမျှ မြေ အားလုံးကို ၁၀၀ တန်ကို တထောင်ပေး၍ ၀ယ်ခဲ့ ပြီး ...ရောင်းသည့်သူများကလည်း ဈေးကောင်းရ၍ အကုန်ထုတ် ရောင်းပစ်လိုက်ကြသည်၊ တရုပ်တို့ သည် မြေ အားလုံး ...၄င်း လက်ထဲသို့ ရောက်သောအခါ အဆမတန် ပြန်ငှါးရန်းခဲ့ ကြသည်၊

လုပ်အားခမှာ တခြား ပြည်နယ်မှာ ကဲ့ သို့  တနာရီ ၈ ဒေါ်လာ ။ ၉ဒေါ်လာ လောက်သာ အတူတူရ ကြသော်လည်း ၊ အိမ်ခန်းခမှာ အလွန်တရာ ဈေးကြီးလွန်း၍ မည်သူကမှ တယောက်တည်း ငှားမနေပါ ၊

ယခုမြန်မာနိုင်ငံတွင်လည်း တရုပ်များ ၁ကျပ်တန်ကို တထောင်ပေး၍ ၀ယ်နေကြသည်မှာ နောင်တချိန်တွင် တနိုင်ငံလုံး တရုပ်တို့  ပိုင်တော့မည် ။ မြန်မာနိုင်ငံသားများ တရုပ်ရဲ့ သားဖေါက်ရင်ဖေါက် ။ မဖေါက်ရင် ကျွန်ခံပေတော့။

တရုပ်တို့ ၏ စီမံကိန်းမှာ နောင်တချိန်တွင် တကမ္ဘာလုံး၏အရှင်သခင်အဖြစ် ရည်မှန်းထားပုံရသည်။ ၊ အာဖရိကမှာ တရုပ်နေရာယူထားပြီးပြီ ။ အလွန်တရာအေးသော မြောက်ဝင်ရိုးစွန်း နိုင်ငံတွေမှာ မြေတွေဝယ်ထားပြီးပြီ ။ မြန်မာနိုင်ငံကိုလဲ စိတ်ကူးနဲ့ သိမ်းထားပြီးပြီ ။

တရုပ်နိုင်ငံမှ ပေါက်ကြားလာသည့် သတင်း အစအန အရ မြန်မာနိုင်ငံအထက်ပိုင်းမှာ တရုပ်နိုင်ငံထဲတွင် ပါဝင်နေ၏ ။၊ ဒါက လွန်ခဲ့တဲ့  နှစ် ၂၀ တုန်းက ဖြစ်သည်။

ယနေ့ ကာလမှာတောင် ရခိုင်ကမ်းရိုးတန်းပင် ပါနေလောက်ပါပြီ။ ၊တရုပ်တို့ ၏ မဟုတ်တယုတ် ဇာတ်လမ်းတွေကတော့ ရေးဖွဲ့ ၍ မကုန်နိုင်ပါ ၊။ အမေရိကန်နဲ့ အနောက်နိုင်ငံတို့ သည် တရုပ်တို့ ချမ်းသာလာသည့်အခါ ဒီမိုကရေစီနဲ့  လူ့  အခွင့်အရေးကို လေးစားလာတန်ကောင်းရဲ့ ..ဟု ရည်ရွယ်ချက် ကုန်သွယ်ရေး အခွင့် ထူးခံပေး၍ စီးပွါးရေးကောင်းမွန်လာအောင် ၀ိုင်းဝန်းထောက်ပံ့ ပေး၏ ၊

တရုပ်တို့ သည် ပိုက်ဆံမရှိသောအခါ ဘိန်းကုန်ကူး၏ ။ ချမ်းသာလာသောအခါ တကမ္ဘာလုံးကို သိမ်းဖို့ ကြံစည်နေပေပြီ၊

ဒါကို နိုင်ငံအများစုက စိုးရိမ်စရာအဖြစ် သတ်မှတ်လာကြသည်၊ ဒါကို အမေရိကကလည်း သိပါသည် ။ဒါကြောင့်ပင် ဖစ္စိဖိတ်ကမ်းရိုးတန်း နိုင်ငံများနဲ့ စစ်ရေးမဟာမိတ်ပို၍ လုပ်ဆောင်လာနေသည်ကို ကြည့်ကြပါ၊ ဒါကို တရုပ်တို့ က မြေဇာပင် ဖြစ်သွားမယ် ။ ဘာညာ ခြိမ်းခြောက်နေပါသည်၊

ဤ ကဲ့ သို့ ပထ၀ီနိုင်ငံရေးအရ ၊စစ်ရေးမဟာဗျူဟာအရ အကယ်၍ တရုပ်နဲ့ အခြားနိုင်ငံတို့ စစ်မက်ဖြစ်ပွါးခဲ့ သည်ရှိသော် တရုပ်တို့ သည် မလက္ကာရေလက်ကြားကို ပိတ်ဆို့ခံရမည်ကို အလွန်စိုးရိမ်ပါသည်၊

အရှေ့ ဖက် ၌ ဂျပန်ရှိနေ၍ ထောက်ပံ့ရေး / လောင်စာသွင်းရန် မလွယ်၊ ထိုအခါ နောက်ဖေးတခါးဟုဆိုသော မြန်မာနိုင်ငံသည် တရုပ်တို့ အတွက် လွန်စွာတန်ဖိုးရှိပါသည်၊

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမလာခင်လေးတင်မြန်မာစစ်ဗိုလ်ချုပ်နဲ့ စစ်ရေးမဟာမိတ် ကမန်းကတန်း စာချုပ်လိုက်တာပဲ ကြည့် ။ သူတို့ နဲ့အတူ ရောသေဖို့  ..သေဖေါ်ညှိလိုက်ခြင်းသာဖြစ်ပါသည်၊

၁၊ စစ်မဖြစ်ခင်စပ်ကြား၌ လောင်စာများ သွင်းကုန် ထုတ်ကုန် ခရီးလမ်းတိုတိုဖြင့်ပြုလုပ်နိုင်၏။

၂၊ စစ်ဖြစ်ခဲ့ သည်ရှိသော် ရိက္ခာများ၊လောင်စာများ မြန်မာကို ခံထားကာ သယ်ယူနိုင်၏ ။

၃၊ နိုင်ငံရေးစစ်ရေးအပြောင်းအလဲ ရှိခဲ့၍ စစ်မဖြစ်ခဲ့ သော် နောင်တချိန်တွင်မြန်မာနိုင်ငံအား တရုပ် တို့ ၏ အစိတ်အပိုင်းအဖြစ် သွတ်သွင်းနိုင်၏။ ထိုအချိန်တွင် မည်သူကမျှ ကန့် ကွက်မှု ရှိပါစေ။ ရင်သွေးများ ရောနှော၍ လည်းကောင်း ။ များစွာသော တရုပ်တို့ အား မြန်မာနိုင်ငံသား ခံယူခိုင်း၍ လည်းကောင်း ပြု လုပ်လျှက်ရှိနေ၏ ။

၎၊ ရေပေါ်ရေအောက် မြေပေါ်မြေအောက်ပစ္စည်းများကို လိုသလို ထုတ်ယူသုံးစွဲနေ၏ ။

၅၊ အဆိုးဆုံးမှာ အခြားနိုင်ငံများမှ စစ်တပ်များ တရုပ်နိုင်ငံထဲသို့ မရောက်ခင် မြန်မာနိုင်ငံကို ခံတပ်အဖြစ်ထား၍ အသုံးချလိုခြင်းသည် အဆိုးဆုံးဖြစ်သည်။

တရုပ်နိုင်ငံသည် ပတ်ပတ်လည် အ၀ိုင်းခံနေရသည်ဟု ခံစားနေရပါသည်။သခင်ကို ကြောက်သောခွေးကဲ့ သို့  လိုက်လည်း လိုက်ချင်၏ ၊ ၄င်း၏ခြိမ်းခြောက်မှု့ တွေကို ကြည့်ပါ။ ဧရာဝတီကိစ္စ/ အမေရိကန်နဲ့ အခြား နိုင်ငံတို့ ၏စစ်ရေးစာချုပ်ကိစ္စတွေကိုကြည့်ပါ ။ တရုပ်တို့ ဘာ တွေ ပြောခဲ့ သနည်း။ ၀ိုင်းတိုက်ခံရမည်ကိုလဲ ကြောက်နေရပါသည် ။ သို့ ပေမဲ့ ကြောက်၍တော့ ၄င်းတို့ ၏ ပင်ကိုစရိုက်ကို ပယ်မည့်သူများ မဟုတ်ပါ။ သမိုင်းနဲ့ချီ၍ အရိုးစွဲနေပြီတည်း။

ကွန်မြူနစ်စနစ်ကြောင့် မဟုတ်ပါ ။လူမျိုးတို့ ၏စရိုက်ကြောင့်ပင်ဖြစ်ပါသည် ။ ကွန်မြူနစ် မပေါ်ခင် ပုဂံပြေးမင်း လက်ထက်က တည်းက မြန်မာပြည်ကို ခဏခဏ ၀င်ရောက် ဖျက်ဆီးခဲ့ ဖူးပြီ၊

ယခုလဲ အနာဂတ် စစ်ရေးစီမံကိန်းအရ ၄င်းတို့ ထွက်ပေါက်တခု ဟု ယူဆထားပါသည်၊ အကယ်၍ နိုင်ငံတကာနဲ့ စစ်ဖြစ်ခဲ့ သော် မြန်မာနိုင်ငံသည် မဟာဗျူဟာ အရ အရေးကြီးဆုံးဖြစ်၏။ ထောက်ပံ့ရေး ခံတပ် ကြိုက်သလို သုံးနိုင်သည် ။မနေ့ တနေ့ ကချုပ်ဆိုခဲ့ သည့် စစ်ရေးမဟာမိတ်စာချုပ်အရ ဗိုလ်မင်းအောင်လှိုင်တို့ ကလဲ တရုပ်တို့ ဘက် ၀ိုင်းတိုက်ပေးပေရော့။ ထိုအခါ တရုပ်တို့ စစ်တပ်သည် သူ့ နိုင်ငံကာကွယ်ရေးအတွက်မြန်မာနိုင်ငံတွင်းသို့ အလုံးအရင်းဖြင့်ဝင်ရောက်တော့မည်၊

အိန္ဒိယ အပါအ၀င် နိုင်ငံတကာ တပ်သား ၊ မြန်မာပြည်ရှိတရုပ်တို့ ၏ ထောက်ပံ့ ရေးလမ်းကြောင်းများစစ်စခန်းများကို ချေ မှုန်းရတော့မည်၊ ထိုအခါမြန်မာနိုင်ငံသားတို့ သည် နအဖတို့ ၏ အလွန်တရာ မိုက်မဲသော အသိညာဏ် အတွေးအခေါ်တွေကြောင့် ဆွေမျိုးပေါက်ဖေါ်စီမံကိန်း မဟာဗျူဟာ စီမံကိန်းတွေကြောင့် သေကြေပျက်စီးကြရတော့မည်၊

မြန်မာ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦးများ၊ ရဟန်းသံဃာ တော်တွေ ၊ ကျောင်းသားကျောင်းသူပြည်သူပြည်သားတွေ၊ ပျက်စီးဆုံးရှုံး မြေခရပါတော့မည် ၊

အဆိုးဆုံးမှာ ခေတ်မှီဆန်းပြားလှသော ခေတ်ပေါ်စစ်လက်နက်တွေကြောင့် လူမျိုးပါပြုန်းဖို့ ရှိတော့သည်။ စစ်ပွဲပြီးစ စစ်တလင်းပြင်ကို ဓာတ်ပုံ+ရုပ်ရှင်တွေမှာ တွေ့ ကြုံဖူးပါသည်၊

ယခုအချိန်အခါ သံတမန်ရေး အရ၊ နိုင်ငံတကာ ဆက်ဆံရေးအရ ၊ တရုပ်နဲ့ ချုပ်ဆိုထားသောစာချုပ်များကို ပြန်လည်ဆွေးနွေးရင် ရနိုင်တန်ကောင်း၏ဟု ယူဆပါသည်။

ပြင်သင့်တာတွေပြင် ၊ ဖျက်သင့်တာတွေဖျက်ကာ ဘာပဲဖြစ်ဖြစ် မိမိတို့ အမိနိုင်ငံ မပျောက်ဆုံးရေးသာ နိုင်ငံသားအားလုံးတို့ ၏တာဝန်ဖြစ်ပါသည်၊

တရုပ်အားကိုး နအဖ ပုဆိန်ရိုးများ အနောက်ကိုမုန်း၍ ...တရုပ်ကို အဖေခေါ်ချင်သည့်ပြည်တွင်းပြည်ပအတိုက်အခံများ နှစ်ပေါင်း၂၀ ကျော်ကြာ တရုပ်တို့ နဲ့ ပေါင်းသော်လည်း မြန်မာနိုင်ငံသည် ဆင်းရဲတွင်းက မထွက် ။ ပြဿနာပေါင်းစုံမှ ရုန်းမထွက်နိုင် ဆိုသည့် သင်ခန်းစာယူသင့်ပြီ ။

တရုပ်တို့ သည် မိသားစု၏ ရန်ပွဲကို မဖြေရှင်းပေးဘဲ ၊ ဓါးရောင်းပေးသော အိမ်နီးနားချင်းနဲ့ တူနေ၏ ။၊ ၀င်ရောက်ဖျန်ဖြေပေးမယ့် သူကိုလည်း သူတို့ ရဲ့ မိသားစု ရန်သူဖြစ်၍ သူတို့ ၏ အိမ်တွင်းကိစ္စ ၀င်မရှုပ်နဲ့..့ ဟု တားတတ်သေး၏၊

သူတို့ အကြံအစည်တွေက လယ်မလုပ်နိုင်သူထံမှ လယ်ကို ပေါချောင်ကောင်းဈေးဖြင့်ဝယ်ယူတတ်သောသူများဆိုလျှင် မှားမည်မထင်ပါ၊

ယနေ့ စစ်တပ် နိုင်ငံရေးသ္မား ။ အတိုက်အခံအင်အားစုနဲ့ တကွ နိုင်ငံသားအားလုံးကို ပြောချင်ပါသည်။ အင်အားကြီးနိုင်ငံတခုခုနဲ့ ပေါင်းနိုင်မှ လုံခြုံမည် ။တိုးတက်မည် ဟူသောအယူအဆကို ပြင်သင့်သည်၊ ကျွန်စိတ်ဓါတ်များ ဖြစ်၍ နောင်လူငယ်တွေကို အမွေဆိုးများ မပေးထားသင့်ပါ ၊

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံထက် အဆပေါင်းများစွာ သေးငယ်သည့်နိုင်ငံများ မြောက်များစွာရှိပါသည်။ မနေ့ တနေ့ ကမှ လွတ်လပ်ရေးရလာသည့် အရှေ့ တီမောကို ကြည့်ပါ ။ လူဦးရေ(၈)သိန်းပဲ ရှိ၏။ စင်ကာပူဆိုသည်မှာ ရန်ကုန်တိုင်းလေးလောက်ပင် မရှိ။

ဆွစ်စလန်ကဲ့ သို့နိုင်ငံတွေ အများကြီးပါပေ ။ သူတို့ မှာ နိုင်ငံကြီးတခုခုကို မှီခိုရမည် ဟူသော အတွေးအခေါ်မရှိခဲ့ ပါ။

မိမိတို့ ကိုယ်တိုင်ကြိုးစားမှုပြုသလို ..မိမိနဲ့ တန်းတူထား၍ သူတပါး အကျိုးစီးပွါး။ ကိုယ့် အကျိုးစီးပွါး မျှတသော မည်သည့်နိုင်ငံမဆို ပေါင်းရမည် ။ ကိုယ့်ကို အနိုင်ကျင့်သော မည်သည့်နိုင်ငံနဲ့ မဆို မပေါင်းအပ်ပါ ၊

ယနေ့ သည် ယခင် စစ်အေးကာလကဲ့ သို့ မဟုတ်တော့ပါ ။သတင်းခေတ် နည်းပညာခေတ်ဖြစ်ပါသည်၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ဖို့.. အနာဂါတ်အတွက် အမြော်အမြင်ရှိဖို့ ..နိုင်ငံသားအားလုံး တဦးနဲ့ တဦး လေးစားပြီး ချစ်ခင်တတ်ဖို့ ...အမှန်တရားတွေကိုမြတ်နိုးတတ်ဖို့တော့ လိုပါသည်။ ၊ဒီအချက်အလက်တွေ မပြည့်စုံသေးရင်တော့ မြွေက ဖားကို မျို ။ ဖားက တီကောင် မျိုရင်း ..မြွေကြီးပဲ ဗိုက်ကားယုံသာ ရှိပေတော့မည်။

”အထူးမှတ်ချက်”

တိဗက်ပြည် ၀င်သိမ်းတုန်းက တိဗက်ရဟန်းတော်များ အချင်းချင်းပြန်သတ် ခိုင်းသော... တရုပ်ကွန်မြူနစ် အာဏာ အစရခဲ့ တုန်းက မွန်ဂိုရီးယား ဘုန်းကြီး၆သောင်း ကျော်သတ်ခဲ့ သော တရုပ်သည် အခုတဖန် ဧရာဝတီကိစ္စနဲ့ ပတ်သက်၍ မြန်မာပြည် သားများ ဒေါသထွက်လာသောအခါ နအဖ စစ်ဗိုလ်ချုပ်များနဲ့ ပေါင်း၍.. မြန်မာပြည်သား များ၏ အားနည်းချက်ကို အသုံးချကာ၊ မြတ်စွာဘုရား၏ စွယ်တော်(သွားတော်)ကိုပင် မြန်မာပြည်သို့ ပို့ လွှတ်ပေးခဲ့ ပါသည်၊ ၄င်းတို့ အကျိုးစီးပွါးအတွက် ဆိုရင် ဘာသာရေးပါ မကျန် ...အသုံးချတတ် သော တရုပ်တို့ ပေတည်း။ ။

(ပြည်ချစ်သား)

(ဒီစာမူကို ဟစ်တိုင်မှာ အမြန်တင်ပေးပါ။ကမ္ဘာကြီး မပြိုဘဲ မြန်မာနိုင်ငံ ပြိုမှာစိုးလို့ ပါ။)
-----------------
ဓါတ်ပုံများကို google search မှ ရယူပါသည်။(ဟစ်တိုင်)

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net