ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

ကရင်ရိုးရာလက်ချည်ပွဲတော်






၂၁.၀၈.၂၀၁၁-နေ့ အမေရိကန်နိုင်ငံ၊ မြောက်ကရိုလိုင်းနား၊ ချာပယ်ဟေး တွင်ရှိသည် ဓမ္မိကာရာမ သာသနာ့ရိပ်တွင် ကရင်ရိုးရာလက်ချည်ပွဲကို ကျင်းပခဲ့ကြသည်။
ထိုလက်ချည်ပွဲသို့ ကရင်လူမျိုးအများစုနှင့် ကရင်အမျိုးသားမဟုတ်သော ဖိတ်မံထားသည် ပုဂ္ဂိုလ်များ တက်ရောက်ကြခဲ့သည်။ ထိုကရင်လက်ချည်ပွဲ ကို နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေ့တွင် ပြုလုပ်ကျင်းပကြသည်ဟုဆို သည်။ လက်ချည်ပွဲ၏ ဆိုလိုရင်း သဘောအဓိပ္ပါယ်မှာ ကရင်အမျိုးသားများ ၏ ဆင်းသက်လာပုံနှင့် မိဘဘိုးဘွားများနှင့် ကွဲကွာနေကြသော သားသမီး၊ မြေမြစ်များနှင့် မိသားစုများ ပြန်လည်ဆုံတွေ့ခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟများ နှင့် ပြန်လည်ဆုံတွေ့ခြင်း၊ လူကြီးမိဘများ၏ ဆုံးမစကားကို နာယူခြင်းနှင့် တစ်မျိုးသားအားလုံး တစ်နေရာတည်း ဆုံဆည်းခြင်းစသည်ဖြင့် အဓိပ္ပါယ်ရ သည်ဟု ကရင်အမျိုးသားတစ်ဦးက ပြောပြပါသည်။
မနက် (၉)နာရီးထိုးတွင် အခမ်းအနားကို စတင်သည်။ အခမ်းအနားတွင် ကရင်အမျိုးသားများဆင်းသက်လာပုံနှင့် ကရင်လူမျိုးများ မိမိတို့၏ ရိုးရာ ဓလေ့ထုံးဓမ်းကို မပျက်အောင် ထိန်းသိမ်းသင့်ကြောင့်၊ မိမိတို့အချင်းချင်း စည်းလုံးသင့်ကြောင်းစသည်ဖြင့် တာဝန်ရှိပုဂ္ဂိုလ်က ပြောသွားပါသည်။ ထို့နောက် ကြိုတင်ပြင်ထားသော အပ်ချည်ကြိုးများဖြင့် အသက်ကြီး ပုဂ္ဂိုလ်များက လူငယ်များအား လက်တွင် အပ်ချည်များ ချည်ပေးလေသည်။ နံနက် ၁၀-နာရီခွဲတွင် အခမ်းအနား ပြီးဆုံးသွားပါသည်။
အခမ်းအနားအပြီးတွင် ပင့်ဖိတ်ထားသော ရဟန်းသံဃာတော်များအား ဆွမ်း ကပ်ခြင်း၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း များ ပြုလုပ်ကြပါသည်။
ထိုလက်ချည်ပွဲသည် ကရင်အမျိုးသားများ၏ ချစ်စရာ ဓလေ့တစ်ခုဖြစ်သည်။ မိဘဘိုးဘွားများနှင့် နွေးထွေးစွာ ဆုံတွေ့ခွင့်၊ မိမိတို့အမျိုးသားများနှင့် ဆုံဆည်းခွင့်နှင့် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးခွင့်များရရှိကြပါ သည်။ ထိုဓလေ့ထုံးစံကို ရိုးရာမပျက် ထိန်းသိမ်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံချုပ်လိုက်ပါသည်။