ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

နှစ်သစ်မင်္ဂလာမှာ မေတ္တာပွားကြစို့ 

happy New Year the dissemination of loveing Kindness.
နှစ်သစ်မင်္ဂမှာမေတ္တာပွားကြစို့ 

May the Dhamma arise in the mind of all, May each

family be happy. May enmity end and goodwill arise;

May happiness spread through the universe.

လူတိုင်း၊လူတိုင်းရဲ့ စိတ်နှလုံးထဲတွင်ဓမ္မပေါ်ပေါက်လာပါစေ၊

ရန်ငြိုးရန်စပျောက်ကွယ်သွားပြီးမေတ္တတရားပေါ်ပေါက်လာပါစေ၊
လောကတခွင်လုံး ပီတိလွမ်းပါစေ၊

May the steam of pure dhamma keep flowing in the world,

for the happiness of every one for the benefit of all,

ဓ မ္မစစ် ဓမ္မ မှန် ရေအလျဉ်သည် လူတိုင်းလူတိုင်းရဲ့ သုခအတွက်

လူတိုင်း လူတိုင်းရဲ့ အကျိုးအတွက် ကမ္ဘာလောကတစ်ခွင်၌

စီးဆင်းနေပါစေ။

နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ၏ မေတ္တာလက်ဆောင်

ပန်းတိုင်းဟာကြွေ လူတိုင်းဟာ သေရမှာဘဲ

ပန်းပင်များမှ ပန်းများဟာ

ဝေဆာ၍ လှပတင့်တယ်စွာ

ပွင့်လမ်းနေပေမယ့်

ကြွေကြလို့  မြေခကြတာချည်းဘဲ။

လူသားတိုင်းဟာလဲ စီးစိမ်ဥစ္စာတွေ ၊

ပညာတွေ ၊ ဓနဂုဏ်တွေ ပြိုင်နေကြပေမယ့်

တနေ့တော့သေရမဲ့ လူချည်းပါ ဘဲ

ဆိုတာကို သတိအမြဲချပ်သင့်ပေသည်။

ထိုသို့ သတိချပ်၍နေခြင်းသည်ပင်

် ဘာဝနာ ဥာဏ်ကို ရင့်သန်စေပါသည်။
နေမင်းရာဇာ
အသျှင် အဂ္ဂဓမ္မ

မိမိဘလောက်ကိုထားဝယ်လူမျိုးများလေ့လာနိုင်ပါသည်

ပြည်ပရောက် ထားဝယ်လူမျိုးများ လေ့လာနိုင်ရန် dhammamettar.blogspot.com ကိုအမြဲဖွင့်ကြည့်ကြရန်တိုက်တွန်းလိုက်ပါသည်။

နအဖကိုသံဃာတွေဘာကြောင့်ကံပြုကြသလဲ

၁။ဘိက္ခူနံအလာဘာယပရိသက္ကန-ရဟန်းတို့အားလာဘ်မရအောင်ပြုခြင်းလာဘ်တိတ်အောင်ပြုခြင်း။
၂။ အနတ္ထာယ ပရိသက္ကန-အကျိုးတရားမဲ့အောင် ပြုလုပ်ခြင်း။
၃။ အ၀ါသာယပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း။
၎။ အက္ကောသန- ဆဲရေးတိုင်းထွာ ခြိမ်းခြောက်ခြင်း။
၅။ ဘေဒနာယ-ရဟန်းသံဃာတော် ဂိုဏ်းကွဲအောင်ပြုခြင်း၊
၆။ ဗုဒ္ဓဿအ၀ဏ္ဏံဘာသန-ဘုရားရှင်အားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ ပြောဆိုခြင်း။
၇။ ဓမ္မဿ အ၀ဏ္ဏံဘာသန- -တရားတော်အားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ ပြောဆိုခြင်း။
၈ သံဃဿအ၀ဏ္ဏံဘာသန-သံဃာအားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ပြောဆိုခြင်း။

အသိဥာဏ်ရှိသူလူသားများသို့ 

လူသားတိုင်း လူသားတိုင်းသည် အသိဥာဏ်ပညာနှင့် ပြည့်စုံသူများသာဖြစ်သည်။ သို့သော်လည်း သတိမမူဘဲ မဟုတ်မဟတ်သောစကားတို့ ကို ပြောဆိုလေ့ရှိသည်။ အဘယ်သို့

ပြောဆိုကြသလဲဟု မေးဘွယ်ရာရှိသည်။ အချို့ သောသူတို့ သည် ငရဲပြည်၌ ဘုန်းကြီးတွေ

များတယ်လို့ ပြောကြသည်။ သူတို့ရောက်တဲ့အချိန်မှာလားမသိ။ နိုင်ငံတကာမှာလူတွေအများကြီးရှိပေမဲ့ရဟန်းသံဃာတွေကတော့ ခြောက်နိုင်ငံလောက်ဘဲ့ရှိတယ်ဆိုတော့တနိုင်ငံမှသုံးသိန်းကျော်ခြောက်နိုင်ငံဆိုတဆယ့်ရှစ်သိန်းအဲဒီထဲကနတ်ပြည်ရောက်တာနဲ့ လူပြည်ရောက်တာနဲ့ ဆိုတော့ ငရဲပြည်မှာလူတွေပြောသလောက်ဘုန်းကြီးတွေမရှိဘူးလို့ ထင်မှတ်လို့ ရပါတယ်ဆိုတဲ့အကြောင်း ရဟန်းတော်များကိုစားပြန်ကြားလိုက်ရပါသည်။

အမြဲတန်း စိတ်ကောင်းထား ကြပါ

လူသားတွေအားလုံးဟာ

မိမိအသိဥာဏ်ရှိကြသူချည်းပါ။

ဒါပေမယ့်

ဘုရားဟောတဲ့ တရားတော်တွေကို

ကျင့်နိုင်သူတွေကတော့ နဲပါးကြပါတယ်။

ရဟန်း သံဃာတော်တွေကို

မလေးမစား ပြောဆိုတာတွေ ရှိသလို

ရိုသေရမှန်းလဲ မသိကြဘူး ၊။

ဂုဏ်ရှိသူနှင့် အသက်ကြီး သူတို့အား

ရိုသေလေး စားခြင်းသည်

ကောင်းမြတ်သော စိတ်ကောင်း ရှိသူပင်ဖြစ်သည် ။

နေမင်းရာဇာ
အသျှင် အဂ္ဂဓမ္မ

တစ်နေ့တစ်ခုရပါစေ

ကုသိုလ် ပညာ ဥစ္စာ တနေ့ မူ တခု ရပါစေ။

ဆုံးမစာ

တလုပ်ကျွေးဘူး သူ့ကျေးဇူး အထူးမမေ့အပ် သတိချပ်။
အရာရာမှာ လူလိုသိပါ ကိုယ်ချင်းစာ။