ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA
ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ
ကိုယ့် အလုပ်ကိုယ်လုပ်စေချင်ပါသည်
ကျွန်တော်မြန်မာပြည်သူပြည်သားရဟန်းရှင်လူကျောင်းသားကျောင်းသူ
လုပ်သမားလယ်သမားစစ်သားအားလုံးကိုလေးစားခင်မင်ပါသောကြောင့်
ရပ်ဝေးကနေပေမဲ့ အကြံတွေပေးပါရစေလိုရင်းနဲ့ တို ရှင်းပြောရရင်မိမိ
တို့ တာဝန်ကိုမိမိတို့ ကျေပြွန်စွာထမ်းရွက်ကြစေချင်သည်အကျယ်ဖွင့်
ပြောရမယ်ဆိုရင်စစ်သားသည်ပြည်သူ့ ဖက်ရပ်တည်ပြီုးပြည်သူအတွက်
ကာကွယ်ရန်ဖြစ်သည် ၊ရဟန်းသာမဏေတို့ သည်မြတ်ဗုဒ္ဓွှရဲ့ တရားတော်
များဖြစ်သောပရိယတ္တိ ပဋ္ဋိပတ္တိတို့ ကိုကိုယ်တိုင်သင်ကြားပြီးမလိမ္မာမယဉ်
ကျေးသူအားလုံးကိုလိမ္မာယဉ်ကျေး၍မဂ္ဂဖိုလ်သို့ ရောက်အောင်သင်ကြား
ပြသဆုံဆုံးမနည်းလမ်းပြသင့်ပေသည်၊မြတ်ဗုဒ္ဓသည်လူမျိုးဘာသာမခွဲပါ
သတ္တ၀ါအားလုံးသည်ရုပ်နဲ့ နာမ်ဘဲ့ခွဲပြထားပါသည်ထိုကဲ့ သို့ သောအ
ကြောင်းအချက်လက်တွေကိုဟောပြောညွန်ပြသွန်သင်ဆုံးမပေးချင်း
သည်မြတ်ဗုဒ္ဓကအထူးကိုလက်ခံပါလိမ့်မည်အကြောင်းကိုဆိုရပါမူသိကြား
မင်းနှင့်ဗြဟ္မာမင်းတို့ အကောင်းဆုံးစကားတို့ ကိုပြိုင်ပြောကြရာဝယ်
ဗြဟ္မာမင်းကမကောင်းသူမှန်သမျှကိုအကုန်လုံးသုတ်သင်ရှင်းလင်းသတ်
ပစ်ရမယ်တဲ့ တချို့ နတ်တွေကလက်မခံဘူးအားလည်းမပေးဘူးတဲ့ တချို့ 
ကတော့ လက်ခံတယ်ဆိုပါစို့ သိကြာမင်းအလှည့်ရောက်တော့သိကြား
မင်းကသတ္တ၀ါတွေအားလုံးကိုမေတ္တာထားပြီးမလိမ္မာသူကိုလိမ္မာအောင်
မယဉ်ကျေးသူကိုယဉ်ကျေးအောင်၇ုပ်ရင်းကျန်းထမ်းသူကိုနူးညပ်သိမ်မွေ့ 
အောင်သူတို့ ရဲ့ စရိုက်တွေကိုကြည့် ပြီးတော်အောင်ကောင်းအောင်
ဆောင်ရွက်ပေးရမယ်တဲ့ အဲဒီအချိန်မှနတ်တွေအားလုံးကလက်ခုပ်
သြဘာပေးကြတာတဲ့ သိကြားမင်းနဲ့ ဗြဟ္မာမင်းဘယ်သူအနိုင်ရမလဲ
ဒါဆိုရဟန်းသံဃာတွေဘာလုပ်ကြရမယ်ဆိုတာသိပြီလို့ ထင်တယ်
ကျောင်းသားကျောင်းသူတွေပညာရေးနိမ့် ကြလာတာအနှစ်ခြောက်
ဆယ်ကျော်ပြီယခုလက်ရှိအခြေအနေအရအနှစ်မပါတဲ့ ပညာရေး
တွေကြောင့်ဘယ်နေရာဘယ်တိုင်းပြည်မှာမှသုံးစားလို့ မရဖြစ်ခဲ့ တယ်
နိုင်ငံအရေးတွေလုပ်ခဲ့ တယ်ပညာရေးတွေဆုံးရုံးခံရတာမြန်မာ
တပြည်လုံးကျောင်းသားလေးသိန်းကျော်ငါးသိန်းနီးပါးဆုံးရုံးသွားတယ်
ဂတ်အတွက်တွက်ချက်မှုမရှိလို့ ဘဲ့ ဒီချိန်မှာဆိုပညာတတ်တွေ
များပြီးတိုင်းပြည်တိုးတက်ရမဲ့ အချိန်ဖြစ်တယ်နောင်လာမဲ့ ကျောင်း
သူကျောင်းသားတွေစာပေကိုအထူးကိုကြိုးစားသင့် ကြတယ်
မိမိတို့ ကမကျိုးစားကြရင်တော့တပ်မတော်ကပြောတဲ့ ဂျောက်
ထဲ ကိုရောက်မှာမို့ လို့ ပါဆိုတဲ့စကားဟာပြန်ပေါ်လာဦးမှာပါ
ခေတ်သစ်စနစ်သစ်တွေပြောင်းပြီးတိုင်းပြည်တိုးတက်ဖို့ ဆိုသည်
မှာမောင်ကျောင်းသားမောင်ကျောင်းသမီးတို့ မှတာဝန်ကြီးတရပ်ရှိ
တယ်ဆိုခေါင်းထဲအမြဲထည့် ထားကြပါဒါကြောင့်ပညာရေးကိုအထူး
ကျိုးစားဖို့ လိုပါသည်။လယ်သမားလုပ်သမားလူတန်းစားတ၇ပ်က
ယခုချိန်မှာဘာမှလုပ်လို့ မရသေးပါဒီမိုကရေစီ လို့ အုပ်ချုပ်သူလူ
တန်းစားတရပ်ကမျက်လှည့် ပြနေတာကိုအထူးသတိကြီးစွာထား
ကြရပါလိမ့်မည်၊ယခုချိန်ဟာဒီမိုကရေစီလုံးဝကိုမဟုတ်သေးပါ
ဒီမိုကရေစီအရောင်ဆိုးထားတယ်လို့ ဘဲ့ မှတ်ယူကြစေချင်သည်
ထို့ ကြောင့်ငါတို့ ရှေ့ ဆက်ဘာလုပ်ကြရမည်နည်းဟုစဉ်းစားဆုံး
ဖြတ်ကြပါ။ယခုအုပ်ချုပ်သူလူတန်းစာတရပ်ကမိမိတို့ ရင်ဝယ်
သားတွေသကဲ့ သို့ တိုင်းပြည်အတွင်းနေထိုင်သူအားလုံးအတွက်
ကိုယ်ကျိုးစွန့် အနစ်နာခံကြပါဒါမှအနေကောင်းအသေကောင်း
သံသရာမှာလဲကောင်းမှာပါစိတ်ထားတတ်ရင်မြတ်တယ်ဆိုတာ
ဖြစ်ကြပါစေ
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ
အမေရိကန်နိုင်ငံ နော့ကလိုလိုင်းနားပြည်
ချာပါဟေးမြို့