|
ထားဝယ်တွင် ကျော်ကြားသည့် ပင်လယ်ကမ်းခြေ တစ်ခုကို မြန်မာတိုင်း လိုလို
သိကြသည်။ မောင်းမကန် ကမ်းခြေဖြစ်သည်။ မောင်းမကန်ကို အများက
ထားဝယ်မြို့နှင့် တွဲ၍ သိကြသည်။ တကယ်တော့ မောင်းမကန် သည် လောင်းလုံမြို့နယ်
အတွင်း၌ တည်ရှိသည့် နေရာ ဖြစ်သည်။
|
|
ထားဝယ်မှသွားလျှင် ထားဝယ်မြစ် အနောက်ဘက်ကို ကမြောကင်းတံတားမှ ဖြတ်ကူး၍
အနောက်တောင်ဘက် မှ တောင်ဘက်ဆီသို့ သွားရသည်။ ကမြောကင်းတံတား ကူးပြီး
ကမြောကင်းရွာမှ ၆ မိုင် ခရီးခန့် သွာသော် လမ်း၌ သောကြာပြင်၊
တောရှည်ရွာများကို ဖြတ်ပြီး မောင်းမကန်ရွာ သို့ ရောက်ပေသည်။
|
|
မောင်းမကန်
ဟူသော အမည်ကို အဘယ့်ကြောင့် မှည့်ခေါ် ခဲ့ရသည်နှင့် ပတ်သက်၍ အစဉ်အလာ
မှတ်သားရသော အကြောင်းအရာ တစ်ခု ရှိသည်။ ကောဇာ သက္ကရာဇ် ၅၁၇ခုနှစ်တွင်
အလောင်း စည်သူမင်းကြီး တိုင်းခန်း လှည့်လည်စဉ် ဖောင်တော် ထားဝယ်ဒေသသို့
ရောက်ခဲ့ပြီး ပင်လယ် ကမ်းခြေ တစ်နေရာတွင် ဖောင်တော် ရပ်နား
ဆိုက်ကပ်ခဲ့သည်ဟု အဆိုရှိ၏။
|
|
ယင်းအခါ
မောင်းမမိဿံ အခြွေအရံများက ရေချိုရရှိရန် အတွက် ကမ်းပေါ်တက်ကာ ရေကန်
တူးဖော်ကြသည်ကို အမှီပြု၍ မောင်းမကန်ဟု ခေါ်တွင်ကြောင်း ဒေသခံများက လက်ခံ
ယုံကြည်ထားကြသည်။
|
မောင်းမကန်ကမ်းခြေမှာ
သဲသောင်ကျယ်ပြန့်၍ ကမ်းတိမ်သည့် ရေတက်ချိန်၌ ရေကူး၍ ကောင်းပြီး ရေကျချိန်
လမ်းလျှောက်ရန် ကောင်းသည်။ သောင်ပြင်မှာ အတော်ပင်ကျယ်၍ ကမ်းခြေမှလည်း
ရှည်လျားသည်။ အစားအသောက် ပေါသော်လည်း မြိတ်နှင့် နှိုင်းဆပါက ထားဝယ်၊
မောင်းမကန်မှာ ဈေးအနည်းငယ်များသည်။
ဘန်ဂလိုကြီးများ
(ပုဂ္ဂလိက) နှင့် မြို့နယ်မှ အစိုးရပိုင် ဘန်ဂလို တစ်လုံးရှိသော်လည်း
ပင်လယ်သောင်ကမ်း မှာပင် ခရီးသွား ရွက်ထည်တဲထိုးကာ စာရေးသူတို့
အိပ်ခဲ့ကြသည်။ အိပ်ခဲ့သည့်ရက်များအတွင်း `ငွေပင်လယ်´ ဟူသည့် စားသောက်ဆိုင်
အနီးမှာပင် တဲထိုးဖြစ်ကြပြီး နွေပင်လယ်မှပင် အစားအသောက်များ
မှာစားခဲ့ကြပေသည်။ ကင်းမွန်၊ ရှပ်၊ ငါးကွင်းရှပ်၊ ငါးပါးနီ၊ ခရုစသည့်
ပင်လယ်စာများ အလွယ်တကူ ၀ယ်စားနိုင်သော နေရာ ဖြစ်ပေသည်။ငွေပင်လယ်
စားသောက်ဆိုင်မှာ မိသားစု ဆိုင်လေးဖြစ်ပြီး သပ်ရပ်သော အဆောက်အဦးနှင့်
ဆိုင်ခင်းသေသေသပ်သပ် ခင်းကျင်း ထားသည်။ လူသုံးဆယ်ခန့် တစ်ပြိုင်တည်း
စားသောက်နိုင်သော နေရာထိုင်ခင်း ရှိသည်။ ကမ်းခြေဆိုင်များမှာ မြေငှားခ တစ်လ
၅၀၀ ကျပ်သာ ပေးရသည် ဟုဆိုပေသည်။ ဆိုင်ခန်းကို ကိုယ့်ဘာသာ ဆောက်ရသည်။
လျှပ်စစ်မီးလည်း ရသည်။ ညနေပိုင်း၊ ညဦးပိုင်း၊ နံနက်ပိုင်းတို့တွင်
မီးသုံးကြပြီး နေ့လယ်ပိုင်း ခေတ္တနားပြီး မီးရပ်သည်။ လျှပ်စစ်
ဈေးနှုန်းကတော့ မသေး၊ တစ်ယူနစ် ၇၀၀ ကျပ် နှုန်း ပေးရသည်ဟု ဆိုပေသည်။
|
|
မောင်းမကန်ကမ်းခြေမှ ငါးဖမ်းလှေများ |
|
ကုန်ဈေးနှုန်းများ
ကို စပ်စုကြည့်မိသည်။ ဆန် ၂၆၅၀၀(အလတ်စားတစ်အိတ်)၊ ပေါ်ဆန်းမွှေး အကောင်း
အစားက ၂၉၀၀၀(တစ်တင်းခွဲအိတ်များ ဖြစ်ပါသည်)။ နှမ်းဆီ ၃၁၀၀ ၊ ကြက်သား ၊
ဘဲသား ၄၅၀၀ မှ ၆၅၀၀ ၊ ၀က်သား ၇၀၀၀၊ ၀က်သား အသားချည်း အဆီလွတ် ၉၀၀၀၊
ကြက်သွန်နီ ၁၀၀၀၊ ကြက်သွန်ဖြူ ၂၀၀၀၊ ဆိတ်သား၊ အမဲသားဈေးတူ ၈၀၀၀ ဖြစ်ပေသည်။
|
|
ဆိုင်တွင် ထမင်းကြော်၊ ခေါက်ဆွဲကြော် တစ်ပွဲ ၁၅၀၀ (သူတို့အခေါ်
ယိုးဒယားကြော်ဟ ဆိုသည်) ၊ ရိုးရိုး မြန်မာ ကြော်မှာ ၁၀၀၀ ဖြစ်၏။
မြန်မာဘီယာတစ်လုံး ၂၀၀၀၊ ဆင်းဂါးဘီယာ (ယိုးဒယား) တစ်ဘူး ၁၀၀၀၊
အုန်းသီးစိမ်းတစ်လုံး ၆၀၀ ၊ ပင်လယ်ထဲဆင်း ရေချိုးပြီး ရေချိုချိုး လိုက
ရေချိုးခန်းရှိပြီး တစ်ခါချိုး ၂၀၀ ကျပ် ဖြစ်သည်။
|
|
မျှော်ရစ်ဘုရား |
|
|
မောင်းမကန်ကမ်းခြေမှာ ငါးဖမ်းလှေများ အစဉ်အမြဲရှိနေပြီး ကမ်းခြေ၌
ရပ်နားနေကြပုံက လှပသည်။ အနောက်အရပ်မှာ ပင်လယ်ဘက်ဖြစ်၍ ညနေနေ၀င်ချိန်တွင်
နေလုံးကြီးက ပင်လယ်ထဲ ငုပ်လျှိုးသည်။ ငါးဖမ်းလှေများက ပလာတူး၊ ငါးပါးနီ၊
ဒိုးညှင်း(ငါးပါးနီအုပ်စု)၊ ကျောက်ငါး(ဂရူပါအုပ်စုဝင်)၊
ဘီဇင်း(ငါးကွင်းရှပ်) စသည်များ ဖမ်းကြသည်။ မောင်းမကန်ရွာ၌ ငါးအ၀ယ်ဒိုင်များ
ရှိကြရာ စည်ကားသည်။ လှေတစ်ခေါက်ထွက်လျှင် ၃ ရက်ခန့်ကြာသည်ဟု ဆိုသည်။
နေ့စဉ် လှေအ၀င်အထွက် ငါးအချ ရှိနေရာ စိတ်ဝင်စားစရာ တစ်ခုဖြစ်ပေသည်။
တံငါငါးလှေများနှင့် မောင်းမကန်ကမ်းခြေမှာ ပနံရသည်။
မောင်းမကန်ဝန်းကျင်၌ သွားစရာများရှိသေးသည်။
မောင်းမကန်ရွာလေး၏ မြောက်ဘက်တစ်မိုင်ခန့်တွင် ပန်းတက်အင်းရွာရှိပြီး ထိုရွာအနီး၌ ပန်းတက်အင်း ရေပူစမ်း ရှိသည်။
မောင်းမကန်၌ရှိစဉ်ရက်အတွင်း
မောင်းမကန်ရွာတောင်ဘက်မျှော်ရစ်၊ မော်ရစ်၊ နဂါးရစ် စသည်ဖြင့်
သုံးမည်ရဘုရားသို့ သွားခဲ့သည်။ သာယာသောလမ်းခရီး ဖြစ်သည်။ ၈
မိုင်ခန့်သွားရပြီး ကားလမ်းက ကောင်းသည်။ ကျောက်ဆင်၊ သင်္ဘောဆိပ်၊ ပြင်ကြီး၊
ကရင်ကြီးရွာများကို ကျော်သွားသော် မျှော်ရစ် တံငါရွာလေး ရောက်သည်။
တံငါရွာလေးကျော်ပြီး အော်ကလေးကိုဖြတ်၍ တောင်ကုန်းလေးကို တက်လိုက်သော်
မျှော်ရစ် တောရ တရားစခန်းအလွန်၌ ပင်လယ်ဘက်သို့ တိုးထွက်နေသော
ကျောက်တန်းပေါ်တွင် မျှော်ရစ်ဘုရား ရှိပေသည်။ ကျိုက္ခမီဘုရားကဲ့သို့
ဘုရားရှိရာကျောက်တန်းပေါ်သို့ ကုန်းပေါ်မှ တံတား ထိုးထားသည်။
ကျိုက္ခမီဘုရားနှင့်
မတူသည်က အမိုးမရှိသော တံတားဖြစ်ပေသည်။ မျှော်ရစ်ဘုရားကား အစဉ်အလာအရ
ယုံကြည်သက်ဝင်ခဲ့ကြသည်မှာ အရှင်ဂေါတမဗုဒ္ဓ ၏ ဆံတော်အစစ် ကိန်းဝပ်ရာဟု
ဆိုကြသည်။ အဆိုအရ တဖုဿ နှင့် ဘလ္လိကကုန်သည်ညီနောင် ပင့်ဆောင်ခဲ့သော
ဗုဒ္ဓဆံတော် ၈ ဆူအနက် ပထမ ၂ ဆူမှာ မဇ္ဈိမတိုင်း အဇတ္တနာဂရပြည့်ရှင်မင်းက
တောင်းပန်၍ ပေးခဲ့ပြီး ပင်လယ်ခရီးဖြင့် ပြန်ခဲ့ရာ လှိုင်းလေမိ၍
နဂါးရစ်မော်သို့ သင်္ဘောဆိုက်ခဲ့ပြီး တစ်ည ရပ်နားကြ၍ ထိုစဉ်က
တောင်စောင့်နတ်နဂါးတို့က ဒုတိယဆံတော်နှစ်ဆူကို တောင်းခံ ပင့်ယူပူဇော်ကာ
စေတီတည်ထားသည်ဟုဆိုသည်။ ကျန် ၄ ဆူက ရွှေတိဂုံ၌ ဌာပနာခဲ့သည်ဟု ဆိုပေသည်။
ထိုနဂါးရစ်မှာ ယခု မျှော်ရစ်ဖြစ်ပေသည်။ ဆံတော်မြတ်များကို နတ်နဂါးများ
ရစ်ပတ်စောင့်ရှောက်ကိုးကွယ် ပူဇော်ကြသဖြင့် နဂါးရစ်မော်ဟု
ခေါ်ကြသည်ဟုလည်းအဆိုရှိသည်။
မျှော်ရစ်ဖြစ်ရခြင်းမှာ အလောင်းစည်သူမင်း ဖောင်တော်ဆိုက်စဉ်
တက်ရောက်ဖူးမြော်ပြီး ဆံတော်ဌာပနာတိုက်ပေါ် စေတီထပ်မံ တည်ထားခဲ့သည်။
ထိုနေရာ၌ စေတီ တည်နေစဉ်အတွင်း ဘုရင့် နောက်ပါအချို့က မွေးရပ်ဌာနီ
တိုင်းပြည်ကို လွမ်းဆွတ် ညည်းညူရာ ဘုရင် ကြားသော် ညည်းသူများကို
ရာဇမာန်ရှပြီး ဖောင်စကြာပြန် အထွက်၌ ထားရစ်ခဲ့ရာ ငေးမျှော်ကျန်ရစ်ခဲ့ကြ၍
မျှော်ရစ် တွင်သည ဟုလည်း အဆိုစကား ကြားရ၏။
|
|
ယခု
အခါတွင်မူ တံငါလှေများ ရစ်ပတ် သွားလာ နေသော မော်အငူလေး အဖြစ် လည်း
တည်ရှိနေရာ မော်အငူလေး ကို အစွဲပြု၍ မော်ရစ် ဟုလည်း ခေါ်ကြသည် ဟု ဆိုပေသည်။
မျှော်ရစ်ဘုရားမှာ အငူလေးထိပ် ဖြစ်ပြီး ပင်လယ်ဘက်သို့ အတော်လေး ထိုးထွက်
နေသော အငူ ဖြစ်ပေသည်။ အငူက အတော် ရှည်ပြီး အငူ၏ ဘေးနှစ်ဘက်စလုံး၌ ပင်လယ်ကို
မြင်တွေ့ရပြီး သာယာသည်။ တံငါဆိပ်လေး ရှိသော နေရာ၌ သဲသောင်ပြင်
ပြန့်ပြန့်နှင့် အလွန် သာယာ လှပေသည်။
|
|
ကျောက်ဆောင်၊ ကျောက်ထပ်များ၊ ကျောက်တောများအလွန်၌ မျှော်ရစ်စေတီကား အလွန်သပ္ပာယ် ၍ ကျောက်တောရှုခင်းကလည်း အလွန်လှပသည်။
ထားဝယ်ဒေသသည် စားရေးသူအမြင်၌ အလွန်မြန်မာဆန်သော ဒေသဟု ထင်မြင်မိသည်။
မြန်မာတိုင်းရင်းသားများ ဆက်နွှယ်ဆင်းသက်ပုံနှင့် ပတ်သက်၍
`ဤနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သော လူမျိုးကြီးနှစ်မျိုးကား တိဗက်-တရုတ်
နှင့် မွန်မြန်မာ အနွယ်တို့ ဖြစ်ကြ၏။ တိဗက်-တရုတ်အမျိုးမှ တိဗက်-မြန်မာ
နှင့် တရုတ်-ထိုင်း ဟူ၍ နှစ်စု ပေါက်ဖွားလာခဲ့၏။ တိဗက်-မြန်မာ အုပ်စုမှာ
အရှေ့၊ အလယ်၊ အနောက် စသည့်အရပ်ဒေသများသို့ သုံးမျိုးကွဲကာ
ပြန့်နှံ့သွားကြပြန်ပေ၏။
|
(၁) အလယ်ပိုင်းသို့ ခွဲထွက်လာသော တိဗက်-မြန်မာအုပ်စုတွင် (က) မြန်မာအုပ်စု (ခ) မရု-အဇီအုပ်စုခွဲ (ဂ) ကတူး-ကနန်း အုပ်စုခွဲ (ဃ) ဓနုတောင်ရိုးအုပ်စုခွဲ (င) ရခိုင်အုပ်စုခွဲ (စ) အင်းသားအုပ်စုခွဲ (ဆ) ထားဝယ်အုပ်စုခွဲ (ဇ) ယော-တောင်သားအုပ်စုခွဲနှင့် အခြားလူမျိုးစုလေးများ ပါဝင်ကြပေသည်။ |
|
ထားဝယ် ဒိန်းအက |
|
|
(တို့တိုင်းရင်းဘွား
ပြည်ထောင်စုသား စာအုပ်၊ ပြုစုသူ ဦးမင်းနိုင်-ဘီအေ၊ ရှေးဟောင်း သုတေသနဌာန။
၁၉၆၀ ပြည့်၊ ယဉ်ကျေးမှုဝန်ကြီးဌာနထုတ် စာမျက်နှာ ၂ ) ဟူ၍
ရေးသားခဲ့သည်ကို ဖတ်မှတ်ရဖူးသည်။
|
`ထားဝယ် အုပ်စုခွဲ ဆိုသည်မှာ မြိတ်သား၊ ထားဝယ်သား
(မြိတ်-ထားဝယ်ရောက်မြန်မာများ) ကို ဆိုလိုပေသည်။ မြိတ်နှင့် ထားဝယ်နယ်မှ
လူအများမှာလည်း မြန်မာ အနွယ်ဝင်များ ပင်ဖြစ်ကြသည်။ ပတ်ဝန်းကျင် ဆက်ဆံရေးကို
အကြောင်းပြု၍ အခေါ်အဝေါ်အချို့ နှင့် စကားသံ လေယူလေသိမ်း တွင် အထက်အညာ နှင့်
မြေလတ်ရှိ မြန်မာများနှင့် ကွာခြား နေရခြင်းဖြစ်သည်´
|
|
ဘေးနှစ်ဖက်သို့ချထားသော အိမ်အမိုးများ |
|
|
`အင်းသားနှင့်
ထားဝယ်သားတို့နှစ်ဦးဆုံလျှင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြော၍
ဖြစ်၏။ အင်းသားနှင့်မြိတ်သားဆုံလျှင် အင်းသားစကားကို မြိတ်သား နားလည်ပြီး
မြိတ်သားပြောသည်ကိုမူ အင်းသား အဓိပ္ပာယ်မပေါ်တော့ပေ။ မြိတ်၊ ထားဝယ်၊ ရခိုင်၊
အင်းသား မြန်မာတို့ စကားသံ နှင့် အခေါ်အဝေါ်များမှာ တစ်ဦးနှင့်တစ်ဦး
အနည်းငယ်စီ ကွဲပြားခြားနားလျက် ရှိကြသော်လည်း ထိုသူအားလုံးတို့၏
စကားအသုံးအနှုန်းနှင့် အခေါ်အဝေါ်အချို့တို့မှာ မြန်မာကျောက်စာနှင့်
ပေါရာဏတို့တွင် အကျုံးဝင်လျက်ရှိသည်ကို တွေ့ရသည့်အပြင် တူညီသော ဘာသာ၊ စာပေ၊
စကားတို့ကို အခြေခံ၍ ဆင်ယင်ထုံးဖွဲ့မှုနှင့် အသွေးအရောင်၊ အရိုး၊
အဆစ်ကိုယ်နေဟန်ထား ပုံးပန်းသွင်ပြင် တို့တွင်လည်း မူရင်းအခြေခံအားဖြင့်
တစ်မျိုးတစ်စားတည်းမှ ပေါက်ဖွားလာသူများ (မြန်မာအနွယ်ဝင်များ)
ဟုယူဆရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ဟု ထင်မြင်မိပါသည်။
(တို့တိုင်းရင်းဘွား ပြည်ထောင်စုသား စာအုပ်၊ ပြုစုသူ ဦးမင်းနိုင်-ဘီအေ၊
ရှေးဟောင်းသုတေသန ဌာန။ ၁၉၆၀ပြည့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ် စာမျက်နှာ - ၆ )
ဟူ၍ ရေးသားခဲ့သည်အား မှတ်သားရဖူးသည်။
|
တကယ့်ကို ရှေးမြန်မာကြီးများ ပုံစံ ဆန်သည့် ထားဝယ်သား၊ ထားဝယ်သူများ
ဖြစ်ကြပါသည်။ ထားဝယ်တွင် အိမ်ပုံစံ များကလည်း တမူ ထူးခြားသည် ။
အထူးခြားဆုံးကား အိမ်အမိုးများ ဖြစ်၏ ။ အများစု သည် အခြားဒေသ များကဲ့သို့
မဟုတ်။ အိမ်အမိုးကို အိမ်၏အရှေ့နှင့် အနောက်တွင် အဖီမချဘဲ ဘေးနှစ်ဖက်သို့
ချသည်။ မြင့်မိုရ်ပိတ်ကို အိမ်ရှေ့ဘက်လမ်းဘက်သို့ မျက်နှာမူ
ထားခြင်းဖြစ်သည်။ စာရေးသူတို့ မျက်စိထဲ၌ အိမ်များသည် အရှေ့အနောက် အများကြီး
ရှည်နေသည်ဟု အထင် ရောက်မိသည်။ အမြင်ဆန်းဖွယ် အိမ်အမိုးများပင် ဖြစ်ပေသည်။
|
|
ရေအိုးရွက် ဒိန်း |
|
|
ထားဝယ် ရောက်ခိုက် ထားဝယ် ဒိန်းအကများကို ကြည့်ရှုခွင့်ကြုံခဲ့ပါသည်။
ရေအိုးရွက်ဒိန်း၊ ဖားဖိုဖားမ(မိုးခေါ်အက) စသည်ဖြင့် အကဒိန်း(ယိမ်း)
ငါးမျိုးခန့် ကြည့်ခဲ့ရလေရာ ခေါင်း၊ ခါး၊ ခြေ၊ လက် ကကြိုးကကွက်ကား
အလွန်နွဲ့နှောင်း၍ မြန်မာအက ပီသလှသည်ကို တွေ့မြင်ခဲ့ရပါသည်။
ရေးအိုးရွက်ဒိန်းတွင် ထားဝယ်ဒေသသူများ ရေခပ်ဆင်းချိန်ကို ဖော်ကျူးသည့် အက
ဖြစ်ပြီး ခေါင်းပေါ်တွင် ရေအပြည့် ထည့်ထားသော ထားဝယ်အိုးများရွက်ကာ
(သုံးလုံးဆင့်အထိ ရွက်သည်များတွေ့ရသည်) ကသွားပုံမှာ ရေတစ်စက်မဖိတ်
ဆံညွန့်ပင်ရေမစို ပသာဒလှစွာ ကသွားကြပုံကို မြင်တွေ့ ရပါသည်။
|
ထားဝယ် ၌ ရှိသော တစ်ရက် တွင် ထားဝယ် ၏ အရှေ့တောင်ဘက်
(မြိတ်ဘက်ထွက်သည့်လမ်း) လေးမိုင် ခန့် ဝေးသည့် ကူးတို့ ကျေးရွာ သို့
သွားရောက် ခဲ့သည်။ ကျောက်ရပ် ကျေးရွာ သို့ သွားရောက်ခဲ့သည်။
ကျောက်ရပ်ကျေးရွာ၊ ရွှေတောင်၊ ဆောင်ယွင်းပြင် တို့ကို လွန်သော်
ကူးတို့ရွာသို့ ရောက်သည်။ ထိုရွာ၌ အလျုား ဥာဏ်တော် ၁၆၂ တောင်၊ အနံ အတောင်
၄၀၊အမြင့် ၅၂ တောင် ရှိ လျောင်းတော်မူ ဘုရားကြီး တစ်ဆူရှိသည် ။ လောကသရဖူ
လျောင်းတော်မူ ရုပ်ပွားတော်ကြီး ဖြစ်ပေသည်။
|
|
ကူးတို့ရွာရှိလောက သရဖူ လျောင်းတော်မူ ရုပ်ပွားတော်ကြီး |
|
|
|
မင်းတုန်းမင်းတရားကြီးနှင့် စိန်တုံးမိဘုရားတို့ လှူဒါန်းထားသော ပိဋကတ်သုံးပုံ ပေမူ |
|
၁၂၉၃ ခု နတ်တော်လပြည့်ကျော် ၃ ရက် (၂၇-၁၂-၁၉၃၁) တွင် စတင် အုတ်မြစ် ချခဲ့၍
၁၃၀၄ခု (၁၉၄၃ ခုနှစ်) တွင် မှ ကိုယ်လုံးတော်ပြည့် အပြီးသတ် ခဲ့သည်။ ၁၃၂၁
ခု (၁၉၅၉) တွင် မှ ရုပ်ပွားတော်ကြီး လျောင်းစက်ရာ သံတန်ဆောင်းတော်ကြီး
ပြီးစီး ခဲ့သည်။ လျောင်းတော်မူ ရုပ်ပွားတော်ကြီး စပါးတောင် ခြေရင်း ၌
ပိဋကတ်တိုက် ဘုန်းတော်ကြီးကျောင်း ရှိသည်။ ထိုကျောင်း၌ ရှေးဟောင်း
စာတိုက်များ၊ ရှေးဟောင်း ပေစာထုပ်များ၊ ပိဋကတ်စာများ နှင့် ကုန်းဘောင်
ခေတ်နှောင်း လက်ရာ ပန်းချီကား များ အများအပြား ရှိသည်။
|
|
အထူးသဖြင့် ရှားပါးနေပြီဖြစ်သော ပေစာထုပ် ချည်သည့်
ရောင်စုံပေစာကြိုးများ(စာတန်းများဖော်၍ ရက်လုပ်ထားသည်) ကို
အများအပြားတွေ့ရသည်။ ရှေးဟောင်းပစ္စည်း လေ့လာသူတို့ ထားဝယ်ရောက်လျှင်
လေ့လာစရာ နေရာတစ်ခု ဖြစ်ပေသည်။ ပိဋကတ်တိုက်ကျောင်းဟု အမည်တွင်ခဲ့ရခြင်းမှာ
မူလက ရတနာပုံခေတ် မင်းတုန်းမင်းကြီး လှူဒါန်းခဲ့သော ပိဋကတ်တော်များ
ထားရှိခဲ့သည့် ဘုန်းတော်ကြီး ကျောင်းဖြစ်သဖြင့် ထိုအမည် တွင်ခဲ့ခြင်းဟု
ဆိုပေသည်။
ထားဝယ်၊
မောင်းမကန်မှ စာရေးသူ ဆက်သွားသည့် နေရာကား မြိတ်ဖြစ်ပေသည်။ လူအများစုသည်
တနင်္သာရီတိုင်းအကြောင်း ပြောကြသည့်အခါ၌ ရေး၊ မြိတ်၊ ထားဝယ်ဟု
ပြောကြလေ့ရှိသည်။ တကယ်တော့ ရေး၊ ထားဝယ်၊ မြိတ် ဟုဆိုခြင်းက ပိုမှန်ပေသည်။
တကယ်သွားလျှင် ကားလမ်းအတိုင်း မြောက်မှတောင်သို့ သွားပါက ရေးပြီးမှ
ထားဝယ်ရောက်မှာဖြစ်ပြီး နောက်မှ မြိတ်နှင့် တနင်္သာရီ ရောက်ခြင်းဖြစ်သည်။
ထားဝယ်မှ မြိတ်သို့ ကုန်းလမ်းခရီးဖြင့် သွားခဲ့သည်။
|
လမ်းဘေး
တစ်လျှောက် လယ်ကွင်းများနှင့် လမ်းအခြေကြားတွင် ရေအမြဲရှိနေသော
တူးမြောင်း၌ လည်း ကြာပင်များ၊ ဗေဒါပင်များက ဖူးပွင့်ကြလျက် အလွန်သာယာ
လှပသော လမ်းဖြစ်သည်။ လမ်းကလည်း ရှည်လျားသော လမ်းဖြစ်ပြီး မျက်စိတစ်ဆုံး
ဖြောင့်တန်းစွာ တည်ရှိနေသည်။ အမည် ပေးထားသည်ကလည်း ကျန်းမာရေးလမ်း ဟု
အမည်ပေးထားသည် ဖြစ်ရာ ကျန်းမာရေး အတွက် လမ်းလျှောက်ရန် အကောင်းဆုံး
လမ်းတစ်လမ်း ဖြစ်သည်။
|
ထားဝယ်မြို့၏ အလှဆုံးလမ်းဖြစ်သည့် ကျန်းမာရေးလမ်း |
|
(၂၅)
မြိတ်သို့သွားရန်အတွက်
လမ်းတွင် ထားဝယ်၏ ရှေ့တောင်ဘက် မြိတ်လမ်း နှင့် ကျန်းမာရေးလမ်း ကား
ထားဝယ်မြို့ ၏ အလှဆုံး လမ်း ဟု ဆိုရပေမည်။ လမ်းဘေးဝဲယာ၌ လယ်ကွင်းများ
ရှိပြီး လမ်းဘေးဝဲယာ၌ တစ်မျှော်တစ်ခေါ် တန်းစီနေသော ထန်းပင်များက
လမ်းပေါ်သို့ အုပ်မိုး ကျနေသည်။
|
|
|
ကျန်းမာရေးလမ်းဘေး တူးမြောင်းမှ ကြာပန်းနှင့် ဗေဒါပန်းများ |
|
လမ်းကလည်းညီညာ၊ လေကောင်း လေသန့် လည်းရ ၊ လယ်ကွင်း များ ကလည်း သီးထပ်
စိုက်သည့် လယ်များ ဖြစ်ရာ စိမ်းလဲ့ နေသော အချိန်နှင့် ၀င်းဝါ နေသော အချိန်
များသာ ဖြစ်ပေရာ သာယာ လှပါသည်။အဝေးမှ လယ်ကွင်းများ အလွန်တွင် လည်း
ညို့မှိုင်းပြာရီသော တောင်တန်း နိမ့်နိမ့်များ ကလည်း သဘာဝ အလှကို အားဖြည့်
ပေးလျက် ရှိတော့သည်။ ထားဝယ်မြို့ အ၀င်လမ်းဆုံမှ ထွက်၍ မကြာမီ မှာပင်
ကျောက်ရပ်ရွာ ကို ရောက်ပေသည်။
ကျောက်ရပ်၊ရွှေတောင်၊ဆောင်းနှင်းပြင်
တစ်ဆက်တည်းဖြစ်၍ မိုင်တိုင် နှစ်မိုင်ကျော် တွင်ဖြစ်သည်။ ထားဝယ်မှ စတင်
ရေတွက်သော မိုင် ဖြစ်ပေသည်။ မြိတ်ခရီးမြို့ရွာများ နောက်၌ ထားဝယ်မှ
အကွာအဝေး မိုင်များ တွက်ချက် ရေးသား သွားပါမည်။
|
|
ကူးတို့ကျေးရွာ (၃/၆ ဖာလုံ)
|
ကနိုင်းကျေးရွာ(၅/၀)
|
မုတ္ထီး(၆/၂)
|
|
မုတ္ထီးမှာ စာရေးသူ ရှေ့တွင် ရေးခဲ့သလို ထင်ရှား သော ထားဝယ်ဒေသ ၏
ရှေးဟောင်းမြို့၊ တန်ခိုးကြီး ရွှေ မုတ္ထီးဘုရား၊ ပသျှူးကြောက်ဘုရားတို့
တည်ရှိသော ရွာဖြစ်ပေသည်။ မုတ္ထီးရွာအလွန်တွင် ချောင်းရိုးကို ကျော်ဖြတ်
ထားသော တံတားကို ဖြတ်ရသည်။ ချောင်းမှာ ဓနိတော ဖြင့် သာယာ သည်။
|
|
ညောင်ဇင်(၇/၄)ညောင်ဇင်
မှာ အိမ်ကြီးအိမ်ကောင်းများဖြင့် စည်ကားသည့်ရွာကြီးဖြစ်သည်။
လမ်းသွယ်လေးများရှိပြီး ပန်းအမည်များဖြင့် သပ်သပ်ရပ်ရပ်
ရွာတွင်းလမ်းလေးများဖြစ်၏။
|
ရန်တောင်ကျေးရွာ(၈/၀)
|
သင်းကျွန်းကျေးရွာ(၉/၅)
|
သရက်နှစ်ခွကျေးရွာ(၁၀/၃)
|
ညောင်ဇင်ကျော်သည်နှင့်
ထားဝယ်မြို့ မဟုတ်တော့။ သရက်ချောင်းမြို့နယ် ဧရိယာအတွင်း
ဝင်ခဲ့ပြီဖြစ်ပြီး ကျေးရွာ အုပ်စုအနေဖြင့် ပိန်းတောကျေးရွာအုပ်စုဖြစ်ပေသည်။
|
မဲနယ်အိုးကျေးရွာ(၁၂/၀)
|
ပျားပြင်ကျေးရွာ
|
ပန်းချီရှောင်ရွာ
|
ပိန်းတောရွာ
|
ကဇိကျေးရွာ(၁၄/၂)
|
ထိုရွာများမှာ လမ်းတစ်လျှောက် ဆက်နေသော ရွာများ ဖြစ်ကြပေသည်။
တစ်ရွာဆုံးသည်နှင့် တစ်ရွာဝင်ကာ တစ်ရွာစပေသည်။ ကဇိကျော်သောအခါ
သရက်ချောင်းမြို့ဝင်သည်။မြို့ဦးမော်ရှည်ကုန်းရပ်ကွက်ကသရက်ချောင်းအ၀င်ဖြစ်ပေသည်။
မြို့ဖြတ်လမ်းပေါ်တွင် ကျောက်မြောင်း၊ မြို့မာ၊ ပန်းတောရပ်ကွက်များကို
လမ်းဘေး၌ တွေ့ရ၏။ သရက်ချောင်းကား မြို့အတော် ကျယ်သည်။ ခြံဝင်းများနှင့်
မြေကျယ်ကျယ်၊ အိမ်ကျယ်ကျယ်များ ဖြစ်ကြသည်။ ထင်ရှားသော ရှင်တောင်ပုံဘုရား
လည်းရှိသည်။
မြို့အထွက်တွင် ဆင်ကူးရွာကလည်း မဝေးပေ။
|
အုတ်ကိုင်းကျေးရွာ(၂၀/၆)
|
ကျွဲဇပ်ကျေးရွာ(၂၂/၀)
|
ဆင်ကျွန်းကျေးရွာ(၂၃/၄)
|
လဘတံတား(၂၅/၅)
|
အုတ်ကိုင်းမှ စ၍ ထိုရွာများမှာ လဘကျေးရွာ အုပ်စုဝင် ဖြစ်၏။ ထိုမှ လွန်သော် ပြင်ဖြူကြီး ကျေးရွာအုပ်စု ဖြစ်ပေသည်။
|
ပြင်းဖြူကြီး(၂၅/၆)
|
ပီတိုင်ကျေးရွာ(၂၆/၀)
|
ပီတိုင်တံတား(၂၆/၇)
|
ချောက်ချောင်းကျေးရွာ(၃၀/၅)
|
ချောက်ချောင်းရွာ အနီး ချောက်ချောင်းတံတား ကျော်ကျော်တွင်
စုံစင်ရာဘာခြံမှာ ကျယ်ဝန်းသော ခြံကြီးဖြစ်၏။ ၂၆ မိုင် မှ မိုင်တိုင် ၃၂ အထိ
ရော်ဘာခြံများက မျက်စေ့တစ်ဆုံးဖြစ်သည်။ ပြင်းဖြူသာ အထိဖြစ်သည်။
|
စုံစင်ဖျားကျေးရွာ(၃၄/၀)
|
ပြင်းဖြူသာကျေးရွာ(၃၄/၁)
|
ထိုနေရာ၌ စုံစင်၊ ဂုံညင်းဆိပ် ရော်ဘာခြံများ ရှိသေးသည်။ သက်တန်းရင့် ရော်ဘာခြံ များကြား၌ ခြံသစ်များလည်း ပေါ်ထွန်းနေသည်။
|
သဲချောင်းသာကျေးရွာ(၃၅/၀)
|
ဝင်းဝကျေးရွာ(၃၈/၁)
|
ဝင်းဝတွင် ၀င်းဝတံတားရှိသည်။ ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သော တံတားဖြစ်ပေသည်။ < /p>
|
မင်းဒပ်ကျေးရွာ(၃၉/၀)< /p>
မင်းဒပ်မှာ ရွာကြီးဖြစ်၏။ ၀န်းကျင်၌ ရွာငယ်လေးများလည်းရှိရာ
လမ်းခွဲလေးများ မွနေသည်။ ကားးရပ်စခန်း ဖြစ်နေသော ရွာကြီးဖြစ်ပေသည်။
ထမင်းဆိုင်ဆိုင်အကြီးကြီးရှိသည်။ ခရီးသွား တစ်ရာ့ငါးဆယ်၊ နှစ်ရာခန့်
တစ်ပြိုင်တည်း စား၍ရသော ဆိုင်ခုံများရှိသည်။ အပူ၊ အအေး၊ ကွမ်းယာ၊ ဆေးလိပ်၊
မုန့်မျိုးစုံ၊ ထမင်း၊ ဟင်း၊ ဘီယာ၊ အရက် အစုံအလင်ရသည့်ဆိုင်ဖြစ်သည်။
ထားဝယ်- မြိတ်၊ ထားဝယ်-ပုလောကားများ ရပ်နားစခန်းဖြစ်သည်။ ထိုလမ်း၌
ခရီးသည်တင်ကားများမှာ မှန်လုံကားများ များပေသည်။ ကားသေး အနည်းအကျဉ်းလည်း
တွေ့ရ၏။ ခရီးသည်များကို စပ်စုကြည့်ရာ မြိတ်-ထားဝယ် ကားခ ၅၀၀၀ဟုဆိုသည်။
ထားဝယ်-ရန်ကုန်ကားခ ၁၂၀၀၀ ဖြစ်၏။ ထိုဆိုင်တွင် ဟင်းတစ်ပွဲ ၈၀၀၊ ထမင်း
တစ်ပွဲ ၂၀၀ ရောင်းပေသည်။ ဟင်းများမှာ ချေသား၊ဆတ်သား၊
တောကြောင်သား၊မျောက်သား စသဖြင့် တောကောင်ဟင်း တော်တော်စုံစုံရသည်။ အိမ်သာ၊
ရေချိုးခန်းကလည်း သပ်သပ်ရပ်ရပ် တွေ့ရ၏။ မင်းဒပ်မှ ဆက်ထွက်သောအခါ….
|
သိမ်ကုန်းကျေးရွာ(၄၀/၁)
|
ငဲ ၊ ရ၀ဲ ၊ ၀ဲရစ် ရော်ဘာခြံမျုား
|
ဝဲရစ်ကျေးရွာ
|
ကမြင်းကျေးရွာ
|
ရငဲကျေးရွာ
|
အထက်ပါ ကျေးရွာလေးများမှာ ခြံဝင်းများနှင့် သပ်ရပ်သော အိမ်ဝိုင်းလေးများ
သီးသန့် ရှိကြသည်။ ရငဲတွင် ဖားချောင်း ရေအားလျှပ်စစ်(ကိုယ့်အားကိုယ်ကိုး)
ဖြင့် ခေတ်မီမီ တွေ့ရသည်။ ရွာများကလည်း ဆက်နေသလောက် ရှိနေသည်။
|
ကတွဲကျေးရွာ(၄၅/၁)
|
ဆိပ်ချောင်းကျေးရွာ(၄၇/၀)
|
သင်ပုန်းကျေးရွာ
|
(သင်ပုန်းတံတားရှိသည်)
|
ကညင်ချောင်းကျေးရွာ(၅၂/၀)
|
ထိုရွာ၏ ယာဘက်လမ်းခွဲတစ်ခုရှိ ၍ တစ်မိုင်ခန့်ဝင်သွားလျှင်
သရက်ချောင်းကျေးရွာရှိသည်။ ၅၅မိုင် တွင် ချောင်းတံတားရှိ၍ ထိုဝန်းကျင်၌
ကွမ်းခြံများ များလှသည်။ တောတန်း၊တောင်စွယ်တို့ဖြင့် သာယာလှပသောနေရာ ဖြစ်၏။
|
ပဒေါက်ကြီးကျေးရွာ(၅၆/၄)
|
ပေတစပ်ကျေးရွာ
|
ပဒေါက်ငယ်ကျေးရွာ
|
တံခွန်တိုင်ကျေးရွာ
|
ကျောက်ဆည်ကျေးရွာ
|
အမှတ်-၁၁ ငြိမ်းချမ်းရေးကျေးရွာ(၆၇/၀)
|
ထိုဒေသ၌ ရွာလေးများက ဆက်နေသည့် နေရာရှိပြီး၊ ခြားသွားလျှင်လည်း
စိုက်ပျိုးရေးခြံများကို ရွာစဉ်များကြား၌ တွေ့ရသည်။ ထားဝယ်ခရိုင်၊
သရက်ချောင်းမြို့နယ် ဧရိယာဆုံး၍ မြိတ် ခရိုင်သို့ဝင်သည်။
ပလောက်ရောက်ရန်လည်း ၆ မိုင်ခန့်သာလိုတော့၏။ ပုလောသို့မူ မိုင် ၃၀ အလို
ဖြစ်ပေသည်။ ၇၂ မိုင် တွင် ဆင်တိုးကြီးကျေးရွာနှင့် ဘုရင့်တောင်ကျေးရွာတို့
တွေ့ရသည်။ ထိုရွာနှစ်ရွာကြား၌ ဘယ်ဘက်(အရှေ့ဘက်) သို့ လမ်းခွဲတစ်ခုရှိ သည်။
ဆင်ထိုးငယ်ရွာသို့ ဟု သိရပေသည်။
|
ပလောက်မြို့နယ်ခွဲ(၇၃/၀)
|
ပြည်ခြားကျေးရွာ(၇၉/၀)
|
မျှစ်ချဉ်စုကျေးရွာ(၈၁/၀)
|
ထမင်းမစားကျေးရွာ(၈၆/၀)
|
|
ထမင်းမစားရွာ ဆိုင်းဘုတ်ရှေ့မှ အနုပညာရှင် လွင်မိုး |
|
အမည်ဆန်းသော ရွာဖြစ်သည်။ ထိုရွာတွင် ခေတ္တရပ်ပြီး ရွာအမည် နှင့် ပတ်သက်၍
မေးမြန်း ဖြစ်ခဲ့ရာ ရှေးကာလ အလောင်းဘုရား တနင်္သာရီ နှင့် ယိုးဒယားတို့
စစ်ချီရာတွင် ထိုနေရာ၌ စခန်းခေတ္တချပြီး ထမင်းချက် ကြစဉ် ရန်သူနှင့်
နီးသဖြင့် ထမင်းမစားဘဲ ဆက်၍ ချီတက် တိုက်ခိုက် ခဲ့သည်ကို အစွဲပြု၍ ထိုနာမည်
တွင်ခဲ့ခြင်းဟု ဆိုပေသည်။ ထိုရွာအနီး လမ်းယာဘက် (အနောက်ဘက်သို့)
လမ်းခွဲရှိ၍ လမ်းခွဲ ၁၂ မိုင် ခန့်တွင် ဆယ်အိမ်စုရွာ ရှိသည်ဟု ဆိုပေသည်။
|
|
တောင်ယာကမ်းကျေးရွာ(၈၉/၀)
|
နန်းပရုပ်
|
သစ်လှတော
|
စပူပြင်ကျေးရွာစုများတွေ့ရသည်။
|
ပေါင်းကျေးရွာ(၉၂/ မှ ၉၅/ အထိ တွေ့ရသည်)
|
ပလောမြို့(၁၀၀/၀)
ပလောမြို့သည် သပ်ရပ်သန့်ရှင်းသော မြို့တစ်မြို့ဖြစ်သည်။ ပလောတံတားပေါ်မှ
ကြည့်သော ပလောမြို့ကို အပေါ်စီးမှ မြင်ရသည်။ စာရေးသူ ပလောကို အသွားအပြန်
နှစ်ကြိမ်ဖြတ်ဖြစ်သည်။ ပလောနှင့်ပတ်သက်၍
စိတ်မချမ်းမြေ့ဖွယ်တစ်ခုကြုံခဲ့ရသည်။ အသွားတွင် ဇန်န၀ါရီလ ၃၁ ရက် နေ့မှာ
ဖြတ်သွားခဲ့ပြီး မြို့ထဲတွင် ထမင်းပင် ၀ယ်စားခဲ့သေးသည်။ မတ် ၃ ရက် နေ့၌
မြိတ်မှ အပြန်တွင် နောက်တစ်ကြိမ်ဖြတ်သောအခါ၌ မီးလောင်ပြင်ကြီးတစ်ခုနှင့်
ကြုံခဲ့ရသည်။ အသွားဝင်ရောက်စဉ်က တံတား၏ယာဘက် ကမ်းစပ်ဘက်ကပ်လျက်
ရပ်ကွက်ကြီးမှ မီးလောင်သွားခဲ့ရာ အိမ်ရာကျော်ပါသွားခဲ့သည်။ ညနေစာ
ထမင်းစားပြီး ခေတ္တနား၍ ဆက်ထွက်ခဲ့ရာ ပုလောမြို့ကို ကျော်သောအခါ….
|
မကျည်းကုန်းကျေးရွာ
|
ခမောင်းတောကျေးရွာ
|
မင်းထိန်ကျေးရွာ(၁၀၄/၀)
|
ပ၀တ်ကုန်းကျေးရွာ
|
ကဒဲကျေးရွာ
|
သင်္ကန်းကျေးရွာ
|
တိုကျေးရွာ(၁၁၀/၀)
|
ပလကျေးရွာ
|
မင်းပြင်ကျေးရွာ
|
တစ်ပိုင်းပြန်၊ ဗိုက်ပြည့်ကျေးရွာ
|
မိမ္မမြို့ရွာ
|
ဇရပ်ဆိပ်ကျေးရွာ
|
တပိုကျေးရွာ
|
စက်တော်ရာကျေးရွာ
|
|
အထက်ပါ ရွာများမှာ တစ်ရွာနှင့်တစ်ရွာ ဆက်နေသလောက် နီးနီး ရွာစဉ်များ
ဖြစ်သည်။ အမည် အချို့ကလည်း ဆန်းသည်။ ရွာအမည် မိမ္မမြို့ ဟုဆိုရာ ထူးဆန်းလှ၍
ရွာတွင် ၀င်ပြီး ကားရပ် ကာ စူးစမ်း မိသည်။ အစဉ်အလာ အရ တစ်ချိန်က ထိုနေရာမှာ
မြို့ ဖြစ်ခဲ့ဖူးပြီး မိန်းမ အုပ်ချုပ်သော မြို့ ဖြစ်ခဲ့ဖူး၍
မိမ္မမြို့ဟုခေါ်တွင်ခဲ့ရာ ယခု အခါ မြို့အနေအထား မရှိတော့ဘဲ ရွာ အနေအထားသာ
ရှိတော့၍ `မိမ္မမြို့ရွာ´ ဟု ခေါ်ဆိုကြောင်း အစဉ်အလာ စကားကို ရှင်းပြ ကြသည်။
ထိုအထဲတွင် ဇရပ်ဆိပ်မှာ အတော် ကြီးသော ရွာဖြစ်သည်။
|
|
ထိုဒေသမှာ သစ်ဝါးပေါသောဒေသဖြစ်ကြောင်းကို အိမ်များတည်ဆောက်ထားပုံက
ပြဆိုနေသည်။ အိမ်တိုင်များမှာ သစ်အလုံးလိုက် တည်ဆောက်ထားကြပြီး
အမိုးအကာများမှာလည်း သစ်ဝါးကောင်းကောင်းများကို သုံးထားကြသည်။
ရွာတိုင်းလိုလိုတွင် မူလတန်းကျောင်းများတွေ့ရပါသည်။ စက်တော်ရာမှ ဆက်ထွက်သော်
ကြဲကျေးရွာ(၁၂၀/၀)
ကြဲကျေးရွာ၌ မူလတန်းလွန်ကျောင်းရှိသည်။ ၁၉၉၈ ခုနှစ်က တည်ဆောက်ပြီးစီးသော
၉၇ ပေရှိ တံတားဖြင့် ချောင်းကိုဖြတ်ထားသည်။ ကြဲတံတားဖြစ်၏။ ခံဝန် ၁၀
တန်ရှိသော ဘေလီတံတားဖြစ်သည်။ ထိုဝန်းကျင်၌ သီဟိုဠ်၊ သရက် ၊ ကွမ်း၊ ရော်ဘာ၊
မင်းဂွတ်၊ ဒူးရင်း စသည်ဖြင့်ခြံကျယ်ကြီးများတွေ့ရပေသည်။
|
၁၂၁ မိုင် ၌ ဒေါ်ပညာရော်ဘာခြံမှာ ဧက ၃၀ ရှိခြံကြီးဖြစ်ပြီး ရော်ဘာပင်များ
စိုက်ထားပုံက အကွက်ကျလှပြီး အလုပ်ရုံ၊ ရော်ဘာလှန်းစင်များ၊
ဝန်းထမ်းအိမ်ရာများက သပ်သပ်ရပ်ရပ်ရှိလှကြသည်။ ခြံဝင်းကြီးမှာ
မြေညီမြေပြန့်ဖြစ်ပြီး ရော်ဘာပင်များ အစေးခြစ်ပုံ၊ အစေးခဲပုံမှာ သေသပ်ပြီး
စနစ်ကျလှသောခြံဖြစ်သည်။ ရော်ဘာအစေးခဲသည့် အလုပ်ရုံ၊ အခြောက်လှန်းသည့်
စင်များ၊ တန်းများ၊ သိမ်းဆည်းသိုလောင်သည့်အခန်းများမှ စနစ်တကျ
သန့်ပြန့််လှသည်ကို တွေ့ခဲ့ရသည်။
|
|
ဒေါ်ပညာ ရော်ဘာခြံအတွင်းမှ ဒူးရင်းပင်များ |
|
ရော်ဘာခြံ အတွင်း အခြားသီးပင်၊ စားပင်များကို ဒီအလုပ်ရုံ၊ သိုလှောင်ရုံ၊
လှန်းစင်၊ အလုပ်သမားများ ၏ အိမ်များ ၀န်းကျင်၌ စိုက်ပျိုးထားရာ သင်္ဘော၊ပိန္နဲ
၊ သရက်၊ သီဟိုဠ်၊ ဒူးရင်း၊ မင်းဂွတ် စသည့် အပင်များ၌ ဖွံ့ထွားသော
အသီးများနှင့် တွေ့ခဲ့ရသည်။ ဒူးရင်းပင်တွင် အသီးများ အား ကောင်းကောင်းနှင့်
သီးနေရာ အသေအချာ ကြည့်သော အခါ မြန်မာမျိုး မဟုတ်ဘဲ မလေးရှား၊ ထိုင်း
တို့ဘက်မှ အလုံးကြီးမျိုး အပင်တို့ တွေ့ခဲ့ရသည်။ အပင် ငယ်ငယ်၌ အသီးများက
အောင်လှ၊ ထွားလှပေသည်။
|
|
|
|
ရော်ဘာခြံနှင့် ရော်ဘာလုပ်ငန်းခွင် |
|
|
ထိုခြံ၌ ၀င်ရောက်လေ့လာခဲ့ရာ ရော်ဘာစေး အစိမ်းကို ဓာတုဗေဒဆေးရောပုံ ၊
အပြားစပ်ပုံ၊ ကြိတ်ပုံ ၊ လှန်းပုံတို့ကို စနစ်တကျ ဆောင်ရွက်နေသည်အား
မြင်ဖူးခဲ့သည်။ ရော်ဘာဈေးကလည်း စာရေးသူတို့ ငယ်ငယ်ကလို မဟုတ်။ တစ်ပြား
၁၀၀၀ ကျပ် ဈေးပေါက်နေပေသည်။ ထိုခြံမှ ယခုအခါ တစ်ရက် အပြား ၇၀၀ ခန့်
ထွက်သည်ဟု ဆိုပေသည်။
၁၂၅ မိုင်၌ ဆောင်းသီတာ ဆိုသည့် ရော်ဘာခြံကြီး တစ်ခြံ တွေ့ရပြန်သည်။
ဒေါ်ပညာခြံထက် အဆများစွာ ကြီးပေသည်။ ရော်ဘာတော စိမ်းညို့ညို့ကား
ရှုမဆုံးတော့ပေ။ မကြာမီ မီးလောင်ချောင်းရွာကို ရောက်သည်။ ရွာမှာ တော်တော်
စည်ကားသည့် ရွာကြီးဖြစ်ပေသည်။ ထိုရွာ၌ ရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်၌
ရေတံခွန်ရှိပြီး ရေတံခွန်သို့မြိတ်မှ လာရောက် လည်ပတ်လေ့ရှိသောရွာ
ဟုဆိုပေသည်။ မီးလောင်ချောင်းရွာ၌ မူလတန်းလွန်ကျောင်း ရှိပေသည်။
မော်တော်ဆိုင်ကယ် ပေါသော ရွာဖြစ်သည်။ လမ်းဘေးဝဲယာ၌ ရော်ဘာခြံများ
ချည်းဖြစ်ပေသည်။ ရော်ဘာတောမှာ အရွယ်ရောက် အပင်များသာ ဖြစ်ပြီး အရွယ်တူ
အပြိုင်းအရိုင်းဖြစ်ပေသည်။ မီးလောင်ချောင်းမှ ဘုတ်ခြံလမ်းဆုံအထိ
ရော်ဘာခြံကျယ်ကြီးများ ဖြစ်ကြ၏။
|
ရော်ဘာခြံကြီးများအလယ်၌ သာယာလှသော ဘုတ်ခြံလမ်းဆုံ၌…..
|
သမုတ်သို့(၁၁ မိုင် ၃ ဖာလုံ)
|
မဇောပြင်ကြီး(၃၉ မိုင်)
|
ပုလော( ၂၈ မိုင် ၇ ဖာလုံ)
|
ဟူ၍
အကွာအဝေး ဆိုင်းဘုတ်ကြီးများ စိုက်ထူထားသည်။ ပုလောမြို့နယ်အဆုံးဖြစ်ပေသည်။
ဘုတ်-ဓားသွေးလမ်းဟုလည်း ခေါ်ကြသောလမ်းမှ ခရီးဆက်ရမည်။
ပုလောမြို့နယ်အဆုံး ဘုတ်ခြံထိပ်မှာ ဒေါစံပြရွာသို့ သွားရမည်။ ၁၃ မိုင် ၃
ဖာလုံ ခရီးဖြစ်ပေသည်။ ထိုလမ်းကား ခင်းနေဆဲလမ်းဖြစ်၏။ ဒေါစံပြရွာမှ
မြိတ်အ၀င် ကျွဲကူးကျောက်ဖျာ(အထူးဆိပ်)သို့ ၂၄ မိုင် ၆ ဖာလုံ သွားရမည်ဖြစ်၏။
ကျွဲကူးကျောက်ဖျာတံတားမှ မြိတ်မြို့အ၀င် တနင်္သာရီလမ်းခွဲ ၁ မိုင် ၅
ဖာလုံရှိပေသည်။
|
ဘုတ်ခြံလမ်းဆုံ(၀/၀)
|
ဘုတ်ရွာ
|
ရာဇကျေးရွာ
|
ပပြင်ကျေးရွာ
|
အလွန်သစ်ဝါးပေါသောရွာများဖြစ်သည်။ ပပြင်၌ တံတားကြီးရှိရာ သစ်သားတံတားပေ
၁၇၀ ဘေလီတံတား ပေ ၁၀၀ ၊ ပေါင်း ပေ ၁၇၀ ရှိသော တံတားဖြစ်ပြီး ခံနိုင်သည့်ဝန်
၁၃ တန် တံတားဖြစ်၏ ။ပပြင်တွင် မူလတန်းလွန်ကျောင်းရှိသည်။ လမ်းဘေးဝဲယာ၌
ဝါးတောများ၊ ကွမ်းသီးခြံများ ၊ ရော်ဘာခြံများ စိမ်းစိုနေသည်။
ပပြင်လွန်သောအခါ…
|
ကြမအုပ်ကျေးရွာ(၆/၂)
|
ဘဲမဒီကျေးရွာ(၇/၂)
|
ထိုရွာ၌ လမ်းခွဲရှိပြီး ကျောက်လုံးကြီးကျေးရွာခွဲဖြစ်သည်။ လမ်း၏
အရှေ့ဘက်သို့ ခွဲသွားရပေသည်။ မူလတန်းကျောင်းရှိသော ရွာဖြစ်ပေသည်။
အိမ်များမှာ ထိုရွာများ၌ သစ်လုံးတိုင်များဖြင့် ဆောက်လုပ်ထားသောအိမ်များသာ
တွေ့ရသည်။ ဘဲမဒီလွန်သော်…..
|
အလယ်ချောင်းကျေးရွာ(၁၁/၀)
|
ဒေါကျေးရွာ(၁၃/၃)
|
ဒေါရွာမှာ စံပြကျေးရွာဟုအမည်တပ်သည်။ ဒေါချောင်းကို ဖြတ်ထားသော
သစ်သားတံတားမှာ ပေ ၇၀ ရှိ၍ ခံဝန် ၁၃ တန်တံတားဖြစ်သည်။ ဒေါမှ
မဇောပြင်ကြီးသို့လမ်းမှာ ၂၅မိုင် ၄ ဖာလုံရှိရာ ဘုတ်ခြံ-ဒေါဖြတ်လမ်းမရှိမီက
ပုလောမြို့နယ် အဆုံးမှ ဒေါသို့ မဇောပြင်ကြီးဘက်မှ သွားရမည်ဖြစ်ရာ ၆၄ မိုင် ၎
ဖာလုံရှိပေသည်။ ဖြတ်လမ်းပြီးသွားရာ ၂၄ မိုင် ၆ ဖာလုံ သာ သွားရပေရာမိုင်
လေးဆယ်နီးပါးလမ်းတိုသွားပေသည်။ ဒေါစံပြရွာမှ အထူးဆိပ် (ကျွဲကူး-ကျောက်ဖျာ)
သို့ ၁၁ မိုင် ၃ ဖာလုံ သွားရပေဦးမည်။ ဒေါလွန်သောအခါ..
|
ပုလဲကုန်းကျေးရွာ(၁/၅)
|
ကျောက်ဖြူကျေးရွာ(၁/၇)
|
ငါးအင်းကျေးရွာ(၃/၃)
|
မင်းနောင်ကျေးရွာ(၄/၀)
|
လက်ခုပ်တောင်(၆/၄)
|
ပင်းအိုကျေးရွာ(၇/၃)
|
ဝန်မယ်ကျေးရွာ(၇/၇)
|
သဘွတ်ကျေးရွာ(၈/၄)
|
အထူးဆိပ်(၁၁/၃)
|
ကျွဲကူးကျောက်ဖျာ
|
မြိတ်မြို့ များသို့ ရောက်ပေသည်။ ဒေါ နှင့် မြိတ်မြို့ ကြားတွင် တွေ့ရသော
ရွာ များမှာ စည်ကားသော ရွာများ ဖြစ်သည်။ ရွာတိုင်း၌
ဘုန်းတော်ကြီးကျောင်းများ ရှိပြီး ကျောင်းကြီးများမှာ ကြီးမားသည်။
ဘုန်းကြီးကျောင်းအ၀င် မုခ်ဦးများကလည်း ခန့်ထည်လှသည်။ ရွာတိုင်း လိုလိုတွင်
ဘုန်းကြီးကျောင်းကြီး နှစ်ကျောင်းခန့် တွေ့ရပေသည်။ ပင်းအိုးရွာ၌
အလယ်တန်းကျောင်း တွေ့ရသည်။ သဘွတ်ကျေးရွာမှာ ရွာ အတော်ကြီးသည်။
တွဲဖက်အထက်ကျောင်း လည်း တွေ့ရပေသည်။
ဆက်ရန်
|
|
စိန်မျိုးမြင့် |