ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA
ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ
ကျွန်တော်ထားဝယ်လူမျိုးလို့ ပြောမိ၍အရိုက်ခံလိုက်ရ
အခုစာရေးသူဟာလွန်ခဲ့ တဲ့၂၅နှစ်မြန်မာနိုင်ငံအရှုပ်တော်ပုံဖြစ်နေချိန်ဒီမိုကရေ
စီတောင်းဆိုနေကြသောကျောင်းသားကျောင်းသူရဟန်းရှင်လူပြည်သူပြည်သား
အားလုံးဘက်ကရပ်တည်ပြီးပါဝင်လှုပ်ရှားခဲ့စဉ်ကပေါ့စစ်အစိုးရကခက်ထန်ကျမ်းထန်း
ဆိုးသွမ်းနေတဲ့ အချိန်မြင်းကိုဦးချိုတပ်ပေးခံရသောအရာရှိကြီးငယ်တို့ အာဏာပျင်းပျချိန်
 သေနတ်ကိုမိုးပေါ်ထောင်ပျစ်တာမဟုတ်တည့်တည့်ပြစ်တယ်ဆိုတဲ့ အချိန်ပေါ့ ကျောင်း
သားကျောင်းသူရဟန်းရှင်လူပြည်သူတွေကိုနှိပ်စက်နေတာတွေကိုကြည့်မနေနိုင်တော့
ထိုပုဂ္ဂိုလ်တွေအတွက်တခုခုလုပ်သင့်ပြီဟူသောဆုံးဖြတ်ချက်ဖြင့်ရန်ကုန်တိုင်းရဟန်းပျို
ဥက္ကဌလုပ်ခဲ့ တယ်အရေးအခင်းပြီးတဲ့ နောက်မှာစစ်အာဏာရူးတွေကမိမိတို့ လုပ်ချင်သ
လိုလုပ်နေချိန်တောကြောင်များကလည်းအာဏာပိုင်တွေနဲ့ ပေါင်းပြီးခြံမြေလယ်ယာတွေ
လော်ဘာခြံတွေသိမ်းလုပ်နေကြတော့ဒီအတိုင်းထိုင်ကြည့်နေလို့ မဖြစ်တော့ပြီဒါကြောင့်
မိမိနှင့်လုပ်ဖေါ်ကိုင်ဘက်ရဟန်းသံဃာတော်တို့ နှင့်တိုင်ပင်လျက်ဗုဒ္ဓမြတ်စွာကိုယ်တော်
တိုင်ခွင့်ပြုတော်မူသောပတ္တနိက္ကုဇ္ဇနကံကိုဆောင်ကြပါတော့သည်ထိုစဉ်ကအစိုးရပိုင်း
ဆိုင်ရာပုဂ္ဂိုလ်တော်တော်များများထိန့် လန့် တကြားဖြစ်ကုန်တော့တာပေါ့်စစ်အာဏာ
ရှင်တွေသံဃာတော်တွေနဲ့ ပြည်သူတွေကိုပြန်လည်တောင်းပန်ဖို့ တောင်းဆိုခဲ့ ကြတယ်
ဒီအချိန်မှာငါ့ မှာအာဏာရှိတယ်ဘယ်သူကိုမှမူစရာမလိုကြောက်စရာမလိုဆိုတဲ့ ပုံစံမျိုးနဲ့ 
အာဏာဖီဆန်သူမှန်သမျှထောင်ထဲအကုန်ဖမ်းထဲ့ ကြဆိုတဲ့ဥပဒေသအထူးတခုပြုပြီးသံ
ဃာတော်ဆရာတော်ကြီးတွေပါမကြံအကုန်ထောင်ထဲဖမ်းထဲ့ တော့တာပေါ့ အခုစာရးသူ
ပည့်တော်တို့ လျှောက်စရာလေးတွေရှိလို့ ခဏကြွလိုက်ပါဆိုတော့တကာကြီးညကြီးသန်း
ခေါင်မနက်မိုးလင်းမှကြွရင်မရဘူးလားလို့ ဈေးဆစ်လိုက်သေးမရဘူးဘုရားမနက်စော
စောပြန်ပို့ ပေးပါမည်ဘုရားတဲ့ ဒါဆိုကောင်းပြီဗျလို့ လိုက်သွားပါရောမနက်ဖြန်မိုးလင်း
ရောက်တော့ဆွမ်းလဲလာမကပ်ဒါနဲ့ စောင့်ရင်းနဲ့ နေလည်ဘက်ရောက်လာပြန်ရောဆွမ်း
လဲလာမကပ်ဘယ်ချိန်ရောက်လာလဲနေ့ ၁နာ၄၅မီနစ်ကြမှပုဂံလေးတခုထဲထမင်းထဲ့ ပြီး
အသားကနှစ်တုံးလောက်ပါတယ်စိတ်ကခပ်ညစ်ညစ်ဖြစ်နေချိန်ဆိုတော့ မင့်တို့ ဗမာတွေ
ကဗုဒ္ဓဘာသာလို့ ငါထင်ထားတာတခြားဘာသာဝင်တွေဖြစ်ကုန်ပါပေါ့် လားကွဆိုတော့
မင့်ဘာစကားပြောတာလဲမင့်ကဘာလူမျိုးလဲဆိုတော့ကျုပ်ကထားဝယ်လူမျိုးလို့ ပြော
လိုက်တယ်အဲဒီမှာမျက်နှာကိုလက်သီးနဲ့ ပိတ်ထိုးတော့ တာဘဲ့သုံးယောက်ကချုပ်ထား
တယ်နှစ်ရောက်ထိုးတယ်ဒါကစည်ကြီးတီးကွဒါကစည်လေးတီးကွနဲ့ ဆော်တော့တာဘဲ့
မင့်ဘာလုပ်ချင်သလဲဆိုတော့စာရေးသူလဲဘုန်းကြီးစိတ်မရှိတော့ဘူးမင့်တို့ သတ္တိရှိရင်
တယောက်ချင်းချရဲလားဆိုတော့မွစ်ဆလင်ပုံစံတကောင်ကိုခေါ်ပြီးမင့်သူ့ ကိုရှင်ရဲလားတဲ့ 
စိတ်ကမထိမ်းနိုင်တော့ဘူးလာချမယ်လဲပြောတော့ သူတို့ ကလူအုပ်စုအလိုက်ဝိုင်းထိုး
တော့ရှေ့ သွားတွေကျိုးပြီးသွေးရဲသံရဲဖြစ်နေတာကဲထားဝယ်ဆရာတော်ကြီးအဲဒါမှတ်ထား
ဘယ်မှာလဲထားဝယ်လူမျိုးတဲ့ အေးမင့်တို့ စာပေမှမလေ့ လာကြတာရှေးဘုရင်တွေလက်
ထက်ကတဲကထားဝယ်လူမျိုးဆိုတာရှိတယ်မှတ်ထားပြောလိုက်သေးအာဏာရှုင်လက်
ပါးစေပီပီသူတို့ ကသဘောကြရည်နေကြပြီးသွေးများပေကြံနေပြီးမူးမေ့ သွားတဲ့ အထိ
ဖြစ်ကြံခဲ့ တယ်သတိရလာတဲ့ အခါရှေ့ သွားတချောင်းကကျိုးသွားပြီမျက်နှာတခုလုံးလဲ
သွေးတွေပေနေပြီနေရာကခြောက်ထပ်တရားရုံးကြီးအဖေါ်ထပ်မှာအိမ်သာအခန်းတွင်း
ဝင်မျက်နှာသစ်ဆေးကြောပြီးပြန်ထွက်လာတဲ့ အခါအချိန်ကညနေ၄နာရီလောက်ရှိပြီအင်း
စိန်ထောင်ပြောင်းရမယ်တဲ့ ထောင်ကားတွေပေါ်တက်ကြပြီဆိုရင်ဘဲ့ နာမည်ခေါ်ပြန်ရော
အမည်အဂ္ဂဓမ္မအဘဦးထွန်းမြလူမျိုးထားဝယ်ထားဝယ်လူမျိုးလို့ မကြားဘူးပါဘူးတဲ့ ဒါပေမဲ့ 
ဝင်ဝင်မြန်မြန်တဲ့ အင်းစိန်ထောင်ကားကြီးစီးပြီးလာလိုက်တာထောင်ကိုလဲရောက်ရော
ထောင်ဝတခါးကြီးပွင့်လာပြီးနွားခြံထဲနွားများသွင်းသလိုတယောက်ခြင်းနာမည်ခေါ်ပြီးဝင်
ခိုင်းပြန်ပြီအထဲရောက်တော့ထောင်သားအသစ်များစာရင်းယူတဲ့ နေရာရုံးခန်းကိုေ၇ာက်ပြန်
ပြီတခါအမည်ခေါ်ပြန်ပြီအမည်ဦးအဂ္ဂဓမ္မအဘအမည်ဦးထွန်းမြလူမျိုးထားဝယ်ဒီတော့
ပြောပြန်ပြီထားဝယ်လူမျိုးဆိုတာမကြားဘူးဘူးတဲ့ထာဝယ်ကိုသမိုင်းပျောက်အောင်
ဖျောက်ထားတာမင့်တို့ ဘယ်သိပါမလဲသိချင်ရင်မြန်မာနိုင်ငံအုပ်ချုပ်ပုံဥပဒေကျမ်းစာအုပ်
တွေကိုဖတ်မြန်မာစွယ်စုံကျမ်းတွေလေ့ လာဖတ်ပေါ့ ဒါဆိုထားဝယ်လူမျိုးဘယ်ချိန်ကာ
လကတဲကရှိတယ်ဆိုသိရမယ်ဒီတော့မှတပည့်တော်အမေနဲ့ အဖေကထားဝယ်
စစ်စစ်တွေတဲ့ ဘယ်သူတွေလဲဆိုတော့သူ့ မိဘနာမည်တွေပြောလိုက်တဲ့ အခါရင်းနှီး
ဆုံးတကာတွေဖြစ်နေတယ် အဲဒီတော့မှသက်ပျင်းချမိတယ်အော်ထားဝယ်ကမွေးပြီး
ထားဝယ်လူမျိုးမရှိဘူးဆိုတဲ့ငြင်းချက်လေးကိုပြန်လည်စဉ်းစားရင်းထားဝယ်လူ
မျိုးများဖြစ်ကြတဲ့မိဘများကိုယ်တိုင်မိမိသားသမီးအဆက်ဆက်ထိမ်းသိမ်းနိုင်ရန်
ထားဝယ်လူမျိုးဟာနှစ်ပေါင်းပဝေသီကပင်ပေါ်ပေါက်နေပါကြောင်းကိုထားဝယ်လူမျိုး
မပျောက်စေရန်ရှင်းလင်းပြောပြဗဟုသုတတွေပေးစေချင်ပါသည်။ဒါကြောင့်ထားဝယ်
ရကြောင်းကိုတင်ပြအပ်ပါသည်
( နေမင်းရာဇာ)  အသျှင်အဂ္ဂဓမ္မ-- မွေးရာဇာဓိပိန္နဲတော မိဘများ-ကျောက်ရပ် ၀မော်
နေထိုင်ရာ ထားဝယ်ကရပ်ပြင်ရပ်ကွက်
ကနေတင်ပြအပ်ပါသည်
တိုင်းရင်း သားများနှင့်မြန်မာများအားလုံးလေ့လာစေချင်ပါသည်
rchives
Recently Commented
  • Thu Rein: Dear Tavoyanvoice, many thanks for publishing it. By the wat, please Let me know the contact to U Nyana...
  • စိုးကိုဦး: အခုတော့ကွန်ကရစ်လမ်းခင်းတော့မှာ တဲ့…ဘိလပ်မြေဖျော်တဲ့စက်ြ ကီးတောင်လာထောင်ထားတယ်.. နွေတက်ရင်ခင်းမယ်လို...
  • Htun Lwin Oo: welcome
  • Htun Lwin Oo: Very good news for our Tavoyan people.
Recently Added
Counter
  • 9This post:
  • 68743Total reads:
  • 11Reads today:
  • 3632Reads per month:
  • 33343Total visitors:
  • 9Visitors today:
  • 2087Visitors per month:
  • 3Visitors currently online:
  • January 1, 2012Counter starts on:
ထားဝယ်အကြောင်းသိကောင်းစရာများ
ရှင်မုတ္ထီး ရေတွင်းကြီး
ရှင်မုတ္ထီးဘုရားသို့ ဝင်ပေါက်ဝ
ရှင်မုတ္ထီးဘုရား
ရှင်မုတ္ထီးဘုရားကြီးအတွင်း တွေ့ရသော အလှူခံပုံး
ရှင်မုတ္ထီးဘုရားကြီးထဲတွင် လှူဒါန်းနိုင်သော ခေါင်းစဉ်များ
ရှင်မုတ္ထီးဘုရားကြီးကို အဝေးကနေပြီး တွေ့ရပုံ
ရှင်မုတ္ထီး ရေတွင်းကြီး
ရှင်မုတ္ထီး ရေတွင်းကြီး
ရှင်မုတ္ထီး စေတီ
ရှင်မုတ္ထီးဘုရား
မေတ္တာရှင်အဂ္ဂဓမ္မ
သီလစောင့်ကြ
အကျင့်သီလပိုစောင့်မှချမ်းသာကြမည်ကမ္ဘာကြီးတခုလုံးပျက်ချိန်တန်နေပြီ