ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

စေတနာ့ မေတ္တာရှင် ဆရာသခင်ဦးကောဝိဒအား ဂုဏ်ပြုပါသည်

မြန်မာ့ဂုဏ်ရောင် ကျက်သရေဆောင် သာသနာ့ဂုဏ်ရောင် မညိုးအောင်ပ၊ ညီညွတ်ကြပါ ဒို့တကာ။
ညီညွတ်မှ ပြည်သာမို့၊ ပြည်သူတွေ လက်တွဲကြပါစို့ ရယ်လို့ မှာထားခဲ့တဲ့ ဒို့ဆရာ။
အများတွက်ပေမို့ မေတ္တတရားလွန်ကြီးမားလေတော့၊ အသက်ချွေခါနီးသော်လဲ ရဲရဲချွန်သူစွန့်စားခဲ့တဲ့ ဒို့ဆရာ။
ပရိယတ်သာသနာ ရောင်ဝါထွန်းစေဘို့ နေညမအား ပင်ပန်းမှု မဓာနမထားဘဲ စာဝါတွေပို့ချခဲ့တဲ့ ဒို့ဆရာ။
အဓွန်ရှည်ကြာ သာသနာအတွက် မညှိးမှိန်ရန်မို့၊ မျိုးစေ့သည်အပင် အပင်သည်အမျိုးစေ့ရှင်သန်စေဘို့ ဥယျာဉ်မှူးပမာ စိုက်ပျိုးလာခဲ့တဲ့ ဒို့ဆရာ။
ခန္ဓာသာကြွေ ဆရာနာမည်မသေဘူး သာသနာ့အာဇာနည်ဘွဲ့ထူးကို သူဆွတ်ခူးခဲ့တဲ့ ဒို့ ဆရာ။
ကောင်းမှူဂုဏ် ပါရမီအထူးကြောင့် ဘယ်တော့မှ ဒုဂ္ဂတိသို့မလားရောက်နိုင်ဟု ယုံကြည်ရတဲ့ ဒို့ဆရာ။
လူ့ပြည်နတ်ရပ်ဗြဟ္မာဘုံ အထပ်ထပ်သာ လားရောက်နိုင်သောကြောင့် ဘယ်တော့မှစိုးရိမ်စရာမလိုသော ဒို့ဆရာ။
နိုင်ငံရေးဆိုတာဒို့မသိ အကြိမ်ကြိမ်ပြောခဲ့ ဘာသာရေးတွေပျက်စီးမှာ ကြောက်လေသောကြောင့် ပါဝင်ခဲ့ရတဲ့ ဒို့ဆရာ။
အများမြင်မှာ ရဟန်းရှင်ဟာ နိုင်ငံအရေး ရှုပ်ထွေးမှုတွေ မလုပ်သင့်လို့ အပြောခံခဲ့ရတဲ့ ဒို့ဆရာ။
တကယ့်တကယ်တော့ စေတနာနဲ့  မေတ္တာကို လူတွေက မသိရှာလေတဲ့ ဒို့ဆရာ။
နောက်ဆုံးမှာတော့ ဒို့လဲအသက်ကြီးရင့်လို့သွားချိန်နီးပါပြီ သတိသံဝေဂဥာဏ် ရင့်သန်လေတော့ တပည့်တို့ရေ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူစင်စိတ်ကိုထား အဲဒါဘုရားရှင်ဟောခဲ့တဲ့ ဆိုဆုံးမစကားရယ်လို့ ဆုံးမခဲ့တဲ့ ဒို့ ဆရာ၊
ဆရာ့ကျေးဇူးဂုဏ်အထူးကို ကာယဝစီမနောချီလျက် သုံးလီဒွါရ ပဏာမဖြင့် ဦးညွှတ်ရိုကြိုးလက်စုံမိုးလို့ ရှိခိုးလိုက်ပါ၏ ဆရာသခင်ကျေးဇူးရှင်မြတ်ဘုရား။
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ