ရွှေတိဂုံစေတီတော်
မဟာဗောဓိပင် လှူဒါန်းခြင်း
ဓမ္မိကာရာမကျောင်း မြေပုံ
အားပေးကြသော နိုင်ငံအပေါင်း
လာရောက်အားပေးသူအပေါင်း
Facebook Badge
ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ
ကျမ်းမာချမ်းသာကြဖို့ အတွက်လိုအပ်ချက်
နေမင်း ရာဇာ
အသျှင်အဂ္ဂဓမ္မ
နှစ်သစ်မင်္ဂလာမှာ မေတ္တာပွားကြစို့ 
နှစ်သစ်မင်္ဂမှာမေတ္တာပွားကြစို့ 
May the Dhamma arise in the mind of all, May each
family be happy. May enmity end and goodwill arise;
May happiness spread through the universe.
လူတိုင်း၊လူတိုင်းရဲ့ စိတ်နှလုံးထဲတွင်ဓမ္မပေါ်ပေါက်လာပါစေ၊
ရန်ငြိုးရန်စပျောက်ကွယ်သွားပြီးမေတ္တတရားပေါ်ပေါက်လာပါစေ၊
လောကတခွင်လုံး ပီတိလွမ်းပါစေ၊
May the steam of pure dhamma keep flowing in the world,
for the happiness of every one for the benefit of all,
ဓ မ္မစစ် ဓမ္မ မှန် ရေအလျဉ်သည် လူတိုင်းလူတိုင်းရဲ့ သုခအတွက်
လူတိုင်း လူတိုင်းရဲ့ အကျိုးအတွက် ကမ္ဘာလောကတစ်ခွင်၌
စီးဆင်းနေပါစေ။
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ၏ မေတ္တာလက်ဆောင်
ပန်းတိုင်းဟာကြွေ လူတိုင်းဟာ သေရမှာဘဲ
ဝေဆာ၍ လှပတင့်တယ်စွာ
ပွင့်လမ်းနေပေမယ့်
ကြွေကြလို့  မြေခကြတာချည်းဘဲ။
လူသားတိုင်းဟာလဲ စီးစိမ်ဥစ္စာတွေ ၊
ပညာတွေ ၊ ဓနဂုဏ်တွေ ပြိုင်နေကြပေမယ့်
တနေ့တော့သေရမဲ့ လူချည်းပါ ဘဲ
ဆိုတာကို သတိအမြဲချပ်သင့်ပေသည်။
ထိုသို့ သတိချပ်၍နေခြင်းသည်ပင်
် ဘာဝနာ ဥာဏ်ကို ရင့်သန်စေပါသည်။
နေမင်းရာဇာ
အသျှင် အဂ္ဂဓမ္မ
မိမိဘလောက်ကိုထားဝယ်လူမျိုးများလေ့လာနိုင်ပါသည်
နအဖကိုသံဃာတွေဘာကြောင့်ကံပြုကြသလဲ
၃။ အ၀ါသာယပရိသက္ကန- နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း။
၎။ အက္ကောသန- ဆဲရေးတိုင်းထွာ ခြိမ်းခြောက်ခြင်း။
၅။ ဘေဒနာယ-ရဟန်းသံဃာတော် ဂိုဏ်းကွဲအောင်ပြုခြင်း၊
၆။ ဗုဒ္ဓဿအ၀ဏ္ဏံဘာသန-ဘုရားရှင်အားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ ပြောဆိုခြင်း။
၇။ ဓမ္မဿ အ၀ဏ္ဏံဘာသန- -တရားတော်အားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ ပြောဆိုခြင်း။
၈ သံဃဿအ၀ဏ္ဏံဘာသန-သံဃာအားဂုဏ်ကျေးဇူးမဲ့ကဲ့ရဲ့ပြောဆိုခြင်း။
အသိဥာဏ်ရှိသူလူသားများသို့ 
လူသားတိုင်း လူသားတိုင်းသည် အသိဥာဏ်ပညာနှင့် ပြည့်စုံသူများသာဖြစ်သည်။ သို့သော်လည်း သတိမမူဘဲ မဟုတ်မဟတ်သောစကားတို့ ကို ပြောဆိုလေ့ရှိသည်။ အဘယ်သို့
ပြောဆိုကြသလဲဟု မေးဘွယ်ရာရှိသည်။ အချို့ သောသူတို့ သည် ငရဲပြည်၌ ဘုန်းကြီးတွေ
အမြဲတန်း စိတ်ကောင်းထား ကြပါ
မိမိအသိဥာဏ်ရှိကြသူချည်းပါ။
ဒါပေမယ့်
ဘုရားဟောတဲ့ တရားတော်တွေကို
ကျင့်နိုင်သူတွေကတော့ နဲပါးကြပါတယ်။
ရဟန်း သံဃာတော်တွေကို
မလေးမစား ပြောဆိုတာတွေ ရှိသလို
ရိုသေရမှန်းလဲ မသိကြဘူး ၊။
ဂုဏ်ရှိသူနှင့် အသက်ကြီး သူတို့အား
ရိုသေလေး စားခြင်းသည်
ကောင်းမြတ်သော စိတ်ကောင်း ရှိသူပင်ဖြစ်သည် ။
နေမင်းရာဇာ
အသျှင် အဂ္ဂဓမ္မ
စေတနာ့ မေတ္တာရှင် ဆရာသခင်ဦးကောဝိဒအား ဂုဏ်ပြုပါသည်
ညီညွတ်မှ ပြည်သာမို့၊ ပြည်သူတွေ လက်တွဲကြပါစို့ ရယ်လို့ မှာထားခဲ့တဲ့ ဒို့ဆရာ။
အများတွက်ပေမို့ မေတ္တတရားလွန်ကြီးမားလေတော့၊ အသက်ချွေခါနီးသော်လဲ ရဲရဲချွန်သူစွန့်စားခဲ့တဲ့ ဒို့ဆရာ။
ပရိယတ်သာသနာ ရောင်ဝါထွန်းစေဘို့ နေညမအား ပင်ပန်းမှု မဓာနမထားဘဲ စာဝါတွေပို့ချခဲ့တဲ့ ဒို့ဆရာ။
အဓွန်ရှည်ကြာ သာသနာအတွက် မညှိးမှိန်ရန်မို့၊ မျိုးစေ့သည်အပင် အပင်သည်အမျိုးစေ့ရှင်သန်စေဘို့ ဥယျာဉ်မှူးပမာ စိုက်ပျိုးလာခဲ့တဲ့ ဒို့ဆရာ။
ခန္ဓာသာကြွေ ဆရာနာမည်မသေဘူး သာသနာ့အာဇာနည်ဘွဲ့ထူးကို သူဆွတ်ခူးခဲ့တဲ့ ဒို့ ဆရာ။
ကောင်းမှူဂုဏ် ပါရမီအထူးကြောင့် ဘယ်တော့မှ ဒုဂ္ဂတိသို့မလားရောက်နိုင်ဟု ယုံကြည်ရတဲ့ ဒို့ဆရာ။
လူ့ပြည်နတ်ရပ်ဗြဟ္မာဘုံ အထပ်ထပ်သာ လားရောက်နိုင်သောကြောင့် ဘယ်တော့မှစိုးရိမ်စရာမလိုသော ဒို့ဆရာ။
နိုင်ငံရေးဆိုတာဒို့မသိ အကြိမ်ကြိမ်ပြောခဲ့ ဘာသာရေးတွေပျက်စီးမှာ ကြောက်လေသောကြောင့် ပါဝင်ခဲ့ရတဲ့ ဒို့ဆရာ။
အများမြင်မှာ ရဟန်းရှင်ဟာ နိုင်ငံအရေး ရှုပ်ထွေးမှုတွေ မလုပ်သင့်လို့ အပြောခံခဲ့ရတဲ့ ဒို့ဆရာ။
တကယ့်တကယ်တော့ စေတနာနဲ့  မေတ္တာကို လူတွေက မသိရှာလေတဲ့ ဒို့ဆရာ။
နောက်ဆုံးမှာတော့ ဒို့လဲအသက်ကြီးရင့်လို့သွားချိန်နီးပါပြီ သတိသံဝေဂဥာဏ် ရင့်သန်လေတော့ တပည့်တို့ရေ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူစင်စိတ်ကိုထား အဲဒါဘုရားရှင်ဟောခဲ့တဲ့ ဆိုဆုံးမစကားရယ်လို့ ဆုံးမခဲ့တဲ့ ဒို့ ဆရာ၊
ဆရာ့ကျေးဇူးဂုဏ်အထူးကို ကာယဝစီမနောချီလျက် သုံးလီဒွါရ ပဏာမဖြင့် ဦးညွှတ်ရိုကြိုးလက်စုံမိုးလို့ ရှိခိုးလိုက်ပါ၏ ဆရာသခင်ကျေးဇူးရှင်မြတ်ဘုရား။
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ
ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်
အမေရိကန်နိုင်ငံ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြတောင်းဆိုပွဲတွင် ဆရာတော်ဦးပညာဝံသ၊ ဆရာတော်ဦးအဂ္ဂဓမ္မတို့နှင့်တကွ ဆရာတော်သံဃာတော်များ မှတ်တမ်းတင်ဓာတ်ပုံ
နအဖစစ်အာဏာရှင်ပြုတ်ကြအောင်ဆန့် ကျင်ကြပါစို့
ိုတိုင်နား မလည်၍လုပ်နေသလား
ဆိုတာကို နိုင်ငံတကာမှ သိရှိနေကြပြီဘဲ ၊အဲဒါကို အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂမှနေ၍ ပြည်ပြည်ဆိုင်
ကမ္ဘာ့ခေါင်းဆောင်ကြီးများက
မြန်မာစစ်အာဏာရှင် တွေကိုကြောက်ရွံ့ နေကြသည်ကိုပင်အံ့ သြဘွယ်ကောင်းတယ် ။
တကယ်ဆိုရင်လက်ခံသင့်မခံသင့်ကိုကုလသမဂ္ဂကအမှန်တကယ်ရဲရဲရင့်ရင့်ဆုံးဖြတ်သင့်ပြီလို့ တင်ပြလိုပါတယ။်
ပြည်သူ့ တရပ်လုံးကို ရန်သူသဘွယ်သတ်ဖြတ်နေသည်ကိုလည်း အပြည်ပြည်မှသိနေတာဘဲ့မဟုတ်လား။ နအဖ
စစ်အာဏာရှင်က တကယ့်ရန်သူလိုဆက်ဆံလာကြတာတွေကိုပြည်သူတွေသိနေပါပြီ ။ယခုအချိန်တွင်
ဆင့်ကဲဆင့်ကဲသိလာသဖြစ်
လူထုတရပ်လုံးက တပြိုင်နက်တည်း တောင်းဆိုခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်
နှင့်ဖမ်းဆီးထားသောကျောင်းသားများပြန်လွတ်ပေးရေး ကိုတစိုက်မတ်မတ်တောင်းဆို သော်လည်းဂရု
မစိုက်အလေးမမူပြုနေသည်ကိုအတိုက်အခံကျောင်းသားများနှင့် ရဟန်းသံဃာပြည်သူတရပ်လုံးကအဖြေ
ဘယ်လိုရှာမလဲ ။ ဘာတွေဆင့်ကဲဆင့်ကဲဆက်လုပ်သင့်သလဲ။လူတယောက်ကခေါင်းဆောင်အဖြစ်ပေါ်ထွက်လာပြီးရင်
သေရဲ သတ်ရဲ တိုက်ရဲကြသူကဘယ်မှာလဲမရှိတော့ ဘူးလို့ များသူတို့  ထင်နေကြသလား။ပေါ်လာမှာကိုတော့ 
သတိထားကြရဲ့ လားဆိုတာသိစေခြင်ပါတယ်။ ဘယ်အာဏာရှင်ဖြစ်ဖြစ်ကြဆုံးရမယ်ဆိုတာကိုကမ္ဘာကသိနေကြတာ
ဘဲ့။ ပြည်သူတရပ်လုံးကဇွဲမရှော့ဘဲဆက်လက်လုပ်ဆောင်တိုက်ပွဲဝင်ကြမယ်ဆိုရင်တနေ့ နေ့ အောင်ပွဲရမှာမလွဲပါဘူး ။
ထိန့် လန့် တုန်လှုပ်မှုတွေနဲ့ ရင်ဆိုင်နေကြရသော နအဖ စစ်အာဏာရှင်တစ်စုဟာ ယခုအချိန်မှာ အိပ်မရစားမဝင်ဘဲပြုံး
ဟန်ပြ၍မဲ့နေကြသူတွေကိုအများပြည်သူမြင်တွေ့ နေကြပြီဘဲ ထို့ ကြောင့်ဆက်လက်တိုက်ပွဲဝင်သွားကြရန်တာဝန်
သိသူတဦးအနေနဲ့ တိုက်တွန်းနှိုး ဆော်အပ်ပါသည်။
နေမင်းရာဇာ
အသျှင်အဂ္ဂဓမ္မ
ဆရာတော်ဦးအဂ္ဂဓမ္မ၏ သြ၀ါဒ
နအဖ ဘာကောင်တွေလဲ
လဲလျောင်းထောင်တွင်း ကြိမ်ကြိမ်နှင်းခဲ့။
လူလိုသိပါ ကိုယ်ချင်းစာတဲ့။
လူ့လိုစိတ်ဓာတ် အကျင့်မြတ်က။
လားနိုင်ပါယ်ရွာ မရှိရှာဘူး။
နွားလိုအသိ အကျင့်မရှိက။
လားရောက်ပါယ်ရွာ ပေါ်မလာဘူး။
သတင်းမှားစွာ ထုတ်ဖေါ်ကာဖြင့်။
တိကျမှန်ကန် မထုတ်ပြန်ဘဲ။
ထားဘိမှတ်တမ်း သမိုင်းလမ်းတွင်။
ဝေးလေဝေးလေ မေ့မနေဘဲ။
ဝေနီးမှာပင် မုန်းစိတ်ဝင်ခဲ့။
ရှောင်ကျင့်ဒုစရိုက် မရှိများစွာ။
ခွာသိလူ့ရွာ ထိုချိန်ခါဝယ်။
စဉ်းငယ်အမျှ ပေါ်၍မရဘူး။
စားခြင်းအိပ်ခြင်း သိလျင်းနှင့်။
ပါပါဒုစရိုက် သူကျင့်လိုက်တာ။
နေမင်းရာဇာ (အသျှင်အဂ္ဂဓမ္မ)
ဖြေရှင်းချက်-ပါပါဟူသောစကားသည် မကောင်းမှုကို ဆိုလိုပါသည်။
ပထမဆုံးတလုံးမှ အောက်သို့ တလုံးစီစဉ်၍ဖတ်ပါမှ အဓိပ္ပါယ်ထွက်ပါမည်။
what are you
ဘ၀ဆိုဟာ မတည်မြဲဘူးဆိုတာကိုကော မင်းသိနိုင်ရဲ့လား?
သေတစ်နေ့ မွေးတစ်နေ့ပါ၊ ပြောင်းလဲမှုဆိုတာ တစ်နေ့တော့ ဖြစ်လာမှာပါ သန်းရွှေ။
Making to New Post
ဘုန်းကြီးဘုရား
အရှင်ဘုရား blog မှာ စာတွေတင်ချင်တယ်ဆိုရင် အောက်ပါ အစီအစဉ်တိုင်း လိုက်လုပ်ကြည့်ပါ ဘုရား။
၁။ sign in >ကို နှိပ်ပါဘုရား၊ နောက်ပြီး--
၂။ Email-address, Password ရိုက်ပါ။ နောက်ပြီး--
၃။ sing in
၎။ View blog- --
၅။ New Post- --
၆။ Title box- --မှာ စာရိုက်ပါဘုရား
၇။ Font အောက်မှ စာရိုက်ပါဘုရား
၈။ Publish Post-
၉။ View blog ကို နှိပ်လိုက်ရင် အားလုံးပြီးသွားပါပြီဘုရား။
Making to New Post-1
မိမိ blog မှာ စာတင်ခြင်း
ပထမဆုံးအနေဖြင့် မိမိ blog ထဲသို့ဝင်လိုက်ပါ။ ရောက်လာပါပြီ
အဲဒီမှာ Sign In -ကို တစ်ချက်နှိပ်လိုက်ပါ။
Making to New Post-4
မိမိရေးချင်သော ခေါင်းစဉ်များ, စာသားများ ပြီးလျှင် အောက်ဆုံးမှာ မျှားပြထားတဲ့ Publish Post-ကို နှိပ်လိုက်ပါ။ အောက်ပါတိုင်းမြင်ရလိမ့်မယ်။
Pattanikkuzzana Kammavaca
ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ
သုဏာတု မေ ဘန္တေ သံဃော၊ သံဃေန (၀ဍ္ဎဿ လိစ္ဆ၀ိဿ) ပတ္တောနိက္ကုဇ္ဇိတော၊ အသမ္ဘောဂေါ သံဃေန၊ သော သမ္မာ ၀တ္တတိ၊ လောမံ ပါတေတိ၊ နေတ္ထာရံ ၀တ္တတိ၊ သံဃံ ပတ္တုက္ကုဇ္ဇနံ ယာစတိ၊ ယဒိသံဃဿ ပတ္တ ကလံ္လ၊ သံဃော (၀ဍ္ဎဿ လိစ္ဆ၀ိဿ) ပတ္တံ ဥက္ကုဇ္ဇေယျေ၊ သမ္ဘောဂံ သံဃေန ကရေယျ၊ ဧသာ ညတ္တိ။
သုဏာတု မေ ဘန္တေ သံဃော၊ သံဃေန (၀ဍ္ဎဿ လိစ္ဆ၀ိဿ) ပတ္တော နိက္ကုဇ္ဇိတော၊ အသမ္ဘောဂေါ သံဃေန သော သမ္မာ ၀တ္တတိ၊ လောမံ ပါတေတိ၊ နေတ္ထာရံ ၀တ္တတိ၊ သံဃံ ပတ္တုက္ကုဇ္ဇနံ ယာစတိ၊ သံဃော (၀ဍ္ဎဿ လိစ္ဆ၀ိဿ ပတ္တံ ဥက္ကုဇ္ဇတိ၊ သမ္ဘောဂံ ကရေန ကရောတိ၊ ယဿာ ယသ္မတော ခမတိ (၀ဍ္ဎဿ လိစ္ဆ၀ိဿ) ပတ္တဿ ဥက္ကုဇ္ဇနာ၊ သမ္ဘောဂံ သံဃေန ကရေဏံ၊ သော တုံဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဥက္ကုဇ္ဇိတော သံဃေန (၀ဍ္ဎဿ လိစ္ဆ၀ိဿ) ပတ္တော သမ္ဘောဂေါ သံဃေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ ဧ၀မေတံ ဓာရ ယာမီ’’ တိ။
Talking to Sayaday
ဘုန်းကြီးဘုရား တပည့်တော် ခေါင်းစီးပြောင်းပေးလိုက်ပြီဘုရား။
နောက်ထပ်လိုအပ်တဲ့ အကြောင်းအရာတွေကို ပြန်ထည့်ပေးမယ်ဘုရား။
တဖြည်းဖြည်းတော့ ဘုန်းကြီးအဆင်ပြေလာမှာ ပါဘုရား။ စမ်းပြီးတော့ လိုက်လုပ်ကြည့်ပါဘုရား။
တပည့်----
ဓမ္မိကာရာမကျောင်းဆရာတော်
မဟာဘုံကထိန်ပွဲတော်
အကြံလေးပေးကြပါ
သတင်းဌာနများ
-
ရှမ်းမြောက်က နောင်ချိုမြို့ပေါ်ကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိ - ရှမ်းမြောက်က နောင်ချိုမြို့ပေါ်ကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိ ၊ ကျားဖြန့်နှိမ်နင်းရေး ၆ နိုင်ငံပူးတွဲ ‘ဇင်ယော်’ စစ်ဆင်ရေးမှာ လူ ၇၀,၀၀၀ ကျေ...5 hours ago
-
-
-
-
-
-
-
-
အချိန်
Blog Archive
-
▼
08
(32)
-
►
April
(16)
- Buddha Painting
- Buddha Painting
- Buddha Painting
- Buddha Painting
- Buddha Painting
- Making to New Post
- Making to New Post-1
- Making to New Post-2
- Making to New Post-3
- Making to New Post-3
- Making to New Post-4
- Making to New Post-5
- Making to New Post-6
- Pattanikkuzzana Kammavaca
- Talking to Sayaday
- what are you
-
►
April
(16)