ဘဘရဲ့ ကျားရဲ ကဗျာဟာ ရင်ထဲမှာ ထာဝရ ကိန်းနေလျက်ပါ.... ]
နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင်
နေမမြင် လမမြင် လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရာ သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ဝေးရော ကဗျာလေးမှမစပ်ရ
တရားဟောဖို့ဝေးရော စကားလေးမှ မပြောရ
အဟောသိကံ သံသရာ ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတခါးဝ ရပ်လိုက် တမတ်တပ်တပ်နေကုန်...။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်
မနက်ဖြန်လည်း ကုန်အုံးမယ်
ကုန်---ကုန်---ကုန် ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား
အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်
အမှန်တရား တို့ဖက်မှာရှိတယ်
ပြည်သူအများ တို့ဖက်မှာရှိတယ်
ကာလယန္တရား တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား တို့ဖက်မှာရှိတယ် သိကြရဲ့လား...။
တိရိစ္ဆာန်ရုံက ကျားလို လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲု့ကျားညွန့်တုန်းမယ် ထင်နေသလား
မှားလိုက်တဲ့အမြင် ဟားတိုက်လို့ရီချင်စရာ....။
မှတ်ထားဟေ့ အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသားစွဲသရွေ့ ကျားရဲဟာကျားရဲ
ငါလည်း ---အဲဒီလိုပဲကွ--ဟေ့...။
[ ဟံသာဝတီ ဦးဝင်းတင်၏ ထောင်တွင်းဖွဲ့ကဗျာတစ်ပုဒ်]
ကွယ်လွန်ခြင်း သုံးနှစ်ပြည်-့
လေးစားစွာဖြင့် -
ပြန်လည်ဝေမျှပါသည်။
ရှမ်းမြောက်က နောင်ချိုမြို့ပေါ်ကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၁၀
ဦးထက်မနည်းရှိ
-
ရှမ်းမြောက်က နောင်ချိုမြို့ပေါ်ကို စစ်တပ်ဗုံးကြဲလို့ သေဆုံးသူ ၁၀
ဦးထက်မနည်းရှိ ၊ ကျားဖြန့်နှိမ်နင်းရေး ၆ နိုင်ငံပူးတွဲ ‘ဇင်ယော်’
စစ်ဆင်ရေးမှာ လူ ၇၀,၀၀၀ ကျေ...
5 hours ago