ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

ရဟန်းရှင်လူပြည်သူပြည်သားအားလုံးသွေးစီးကြစို့ 

ယခုအချိန်သည် အရေးကြီးဆုံးအချိန် ကြရောက်နေပါပြီ အဖွဲ့တွေ တသောင်းရှိနေပါစေ လမ်းတကြောင်းတည်း ဦးတည်သင့်ပြီလို့ တင်ပြလိုက်ရပါသည်၊ အဘယ်ကြောင့်ဆိုသော် နွားကွဲရင် ကျားဆွဲလိမ့်မည်၊ အမျိုးတူသားစားလျှင် ဟင်္သာကိုးသောင်း အမျိုးပြုန်းတီးသကဲ့သို့ ဖြစ်လိမ့်မည်၊ ရွေးကောက်ပွဲဝင်က အမျိုးဘာသာသာနာကွယ်လို့ လူ့အညွန့် တုံးလိမ့်မည်။

အကျိုးရှိစေရန်ရွတ်ဖတ်ပါ

ဥုံ သီသဗုဒ္ဓေါ ဘ၀ိဿတိ၊
သတ္တ သတ္တဉ္စ သီဟသဟဿ။
သြောဟ သြောဟ ဓာရေတု၊
မဿဝါသေဿနိ လုတ္တဘယံ။
မဂ္ဂဿ ပါကဋံ ပါပံ အ၀ိနုအဟံ၊
သတ္တေ သရေ၀ါရော။

တနေ့ ၃၇ခေါက်ရွတ်ဆိုလော...........

သတိပေးလာပြီ


´´ကမ္ဘာကြီးက လောကရှိလူသားများကို အချိန်နှင့်တပြေးညီ သတိပေးလာနေပြီ၊ သို့သော်လည်း လောကရှိလူသားများသည်ကား အိပ်ပျော်တုန်းရှိကြသေး၏။ ပြောင်းလွဲချိန်တန်သော်လည်း မပြောင်းလွဲနိုင်ကြသေးချေ။ မနေ့က လန်းဆန်းနေပေမဲ့ ဒီနေ့ မလန်းဆန်းတော့။ အရောင်တောက်ပမှုတွေက တဖြေးဖြေး မှေးမိန်လာနေကြပြီ၊ လောကရှိလူသားများ တခုခုပြောင်းလွဲချိန်တန်နေသည်ကား အမှန်တကယ်ပင်ဖြစ်၏။ ``
အထက်ပါစကားအတိုင်းပင် ကမ္ဘာကြီးက လူသားများကို အမှန်တကယ်ပင် သတိပေးလာနေပြီ၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေပြင် နေရာအနှံအပြားတို့တွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြေပြိုခြင်း၊ ဆူနာမီဖြစ်ခြင်း၊ ကပ်ရောဂါဆိုက်ရောက်ခြင်းစသည်စသည်များ မကြာခဏပင် ဖြစ်ပွားခဲ့သည်ကို ကြားသိနေရ၊ မြင်သိနေရ၏။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် များစွာသောလူတို့ အသက်ဆုံးရှုံးခဲ့ကြရ၏၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရ၏။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသော အခြင်းအရာကို ထိုင်ကြည့်ခြင်း၊ ရပ်ကြည့်ခြင်းစသည်တို့ဖြင့် အဖြေရှာမည်လော၊ သို့တည်းမဟုတ် ဆွေးနွေးခြင်း၊ ရှာဖွေကြံဆခြင်း၊ တွေးခေါ်ခြင်းစသည်တို့ဖြင့် အဖြေရှာမည်လောဟု မေးစရာရှိ၏။ လောကရှိလူသားများသည် မည်ကဲ့သို့သော နည်းဖြင့် အဖြေရှာကြမည်နည်း။
အချို့သောအချို့သော ကမ္ဘာခေါင်းဆောင်ကြီးများသည် ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်နေသည်ကို အမှတ်တမဲ့ မျက်ကွယ်ပြုနေသော်လည်း အချို့သော ခေါင်းဆောင်များသည်ကား မျက်ကွယ်မပြုကြချေ၊ ထိုသဘာဝဘေးအန္တရာယ်ကို မည်သို့မည်ပုံ ကာကွယ်နိုင်မည်၊ စောင့်ရှောက်နိုင်မည်ဟူသော အဖြေရနိုင်စေရန် နိုင်ငံများစုပေါင်း၍ ဆွေးနွေးကြ၏၊ တိုင်ပင်ကြ၏။ သို့သော်လည်း တိကျသော အဖြေကိုကား မရနိုင်သေးချေ။ မည်သူမျှ ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းကို အဖြေမပေးနိုင်ချေ၊ သို့သော်လည်း လူသားများ၏ အသိညဏ်နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် အခိုက်အတန့် ကာကွယ်နိုင်ရန်သာ တတ်နိုင်ကြ၏။ ပြည့်ပြည့်စုံစုံ ကာကွယ်ရန် အဖြေကိုကား မရနိုင်သေးချေ။ ထို့ကြောင့်လည်း ကမ္ဘာပျက်မည်ဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်သည့် ၂၀၁၂
ဗီဒီရိုဇာတ်ကား ထွက်ပေါ်လာ၏။ ထိုဇာတ်ကားသည် အမှန်၊ အမှားဟူသည်ကို မကြည့်ဘဲ သဘောတရားတစ်ခုကို ကြည့်လျှင် အမှန်တကယ် ကမ္ဘာကြီးက လူသားများကို သတိပေးနေခြင်းပင်ဖြစ်၏။ ကမ္ဘာအနှံ့အပြားနေရာအတော်များများတွင် ထိုသို့သော သဘာဝဘေးအန္တရာယ်များ အမှန်တကယ် ကျရောက်ခဲ့ကြ၏။ ထို့ကြောင့်လည်း ထိုဇာတ်ကားကို ရိုက်ကူးခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။
ကမ္ဘာကြီးက လူသားများကို သတိပေးနေသကဲ့သို့ မိမိခန္ဓာကိုယ်ကလည်း မိမိကိုယ်တိုင်ကို အချိန်တိုင်း အမြဲတမ်းသတိပေးနေသည်။ သို့သော်လည်း သတိမပြုမိကြချေ။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် ဘာလုပ်သင့်သည်ဆိုသည်ကို မိမိကိုယ်တို့တိုင် ဆုံးဖြတ်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးသည်လည်း တည်မြဲခြင်းမရှိသကဲ့သို့ မိမိတို့ ခန္ဓာသည်လည်း တည်မြဲခြင်းမရှိပေ၊ အမြဲတမ်းပြောင်းလွဲနေပေသည်။
``ကျန်းမာခြင်းသည် နာခြင်းအဆုံးရှိ၏၊ ငယ်ရွယ်နုပျိုခြင်းသည် အိုမင်းရင့်ရော်ခြင်းအဆုံးရှိ၏၊ အသက်ရှင်ခြင်းသည် သေဆုံးခြင်း အဆုံးရှိ၏၊ ပြည့်စုံခြင်းသည် ပျက်စီးခြင်း အဆုံးရှိ၏။´´ ဟူသော စကားအတိုင်း ပျက်စီးကြရမည်ဖြစ်ပေသည်။ မာန်မာနထားခြင်း၊ ရာထူးအာဏာမက်မောခြင်း၊ စည်းစိမ်ဥစ္စာယစ်မူးခြင်းစသည်စသည်တို့ကို ရှောင်သင့်ပေသည်။ ထိုသဘောတရားများသည် အချိန်တိုက်စားသည်နှင့်အမျှ ပြိုလွဲသွားမည်ဖြစ်ပါသည်။ အခိုက်အတန့်မျှသာ တည်မြဲနိုင်သည်။ အကောင်းဘက်သို့ ဦးတည်သော လုပ်ရပ်သည်သာ အမှန်တကယ် အကောင်းဆုံးဖြစ်ပေသည်။ ထို့ကြောင့် မိမိကိုယ်တိုင်ကို သတိပေးလာသော မိမိကိုယ်ခန္ဓာအား မိမိတို့ မည်ကဲ့သို့ ကကွယ်မည်၊ စောင့်ရှောက်မည်ဆိုသည်ကို စဉ်းစားတွေးခေါ်ထားရန်လိုပေသည်။
အချုပ်အားဖြင့် ကမ္ဘာလောကကြီးက လောကရှိသတ္တ၀ါများကို သတိပေးလာနေသကဲ့သို့ မိမိတို့ကိုယ်တိုင်ကိုလည်း မိမိတို့ခန္ဓာကိုယ်က သတိပေးလာနေသည်ကို သတိထားကြည့်သင့်ပေသည်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ချိန်မှာ မိမိခန္ဓာကိုယ်ကို စွန့်ခွာသွားရမည်ကို မသိနိုင်သည့်အတွက် သတိကြီးစွာထား၍ အကောင်းဘက်သို့ ဦးတည်သော လုပ်ရပ်များ လုပ်ဆောင်လျှက် အချိန်ကို ကုန်စေသင့်ပေသည်။ ဘ၀သည် ပုံသေတွက်၍မရဟူသော စကားအတိုင်း ပုံသေဇယားကွက်ဆွဲ၍ မရပေ။ ယနေ့ မြင့်နေပေမဲ့ မနက်ဖန် နှိမ့်ချင်နှိမ့်မည်။ ယနေ့ အသက်ရှင်နေပေမဲ့ မနက်ဖန် သေချင်သေသွားနိုင်သည်။ ထို့ကြောင့် မိမိတို့ဘ၀ကို မိမိတို့ကိုယ်တိုင်သည်သာလျှင် ပဲ့ကိုင်ရှင်ဖြစ်သည်အားလျှော်စွာ လောကကောင်းကျိုးများ ပြုနိုင်ကြလျှက် အကောင်းဆုံး ဘ၀ဖြင့် ရပ်တည်နိုင်ကြပါစေဟူ၍ ဆန္ဒပြုရင်း…….ဤစာသားကို နိဂုံးချုပ်လိုက်ပါသည်။

သားရွှေ

သူတော်ကောင်းစိတ်

သူတော်ကောင်းစိတ်၊ စိတ်ကောင်းမွေးမြူ၊ ကျင့်သုံးမူကား၊ နတ်လူအများ၊ ချစ်ကြင်သနား၍၊ လောကီလောကုတ်၊ နှစ်ဖြာအကျိုး၊ ပွားစီးတိုးသည်၊ ရှင်တော်ဘုရား၊ ဟောမွက်ကြား၏။
.

ဆရာတော်တွေကိုသတ်သလိုလုပ်ကြသူများ

မစိုးရိမ်ဆရာတော်ကြီးဘာကြောင့်အသက်ဆုံးရသနည်း
အဖြေမှန်ကိုထုတ်ပေးစေလိုပါသည်
ထုတ်နိုင်သူပုဂ္ဂိုလ်ကိုအဖြေမှန်ပါကကန်တော့ ပန်းဆင်ပါမည်


04-03-2010နေ့ တွင်
---------------------
အဖြေမှန်ကိုထုတ်ပေးလိုက်ပါပြီ
----------------------------------
မစိုးရိမ်ဆရာတော်ကြီးကိုသတ်သလိုလုပ်ကြသူတို့ သည်
စစ်အာဏာရှင်တို့ ပင်ဖြစ်ပါသည်။

အသျှင် အဂ္ဂဓမ္မ
နေမင်းရာဇာ

သီတင်းကျွတ်ဆီမီးပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်



၁၃၇၁-ခုနှစ်၊ သီးတင်းကျွတ်လပြည့်နေ့တွင် ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်း၌ ဆီမီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ မြန်မာနွယ်ဖွား ဓမ္မမိတ်ဆွေများ ကျောင်းသို့လာရောက်ပြီး စတုဒိသာကျွေးမွေးခံခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဆွမ်းတော်ကြီးတင်လှူပွဲများ ပြုလုပ်ခဲ့ကြ၏။

ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်း
ပန်တိုင်းရမစ်၊ မလေးရှားနိုင်ငံ
သီတင်းကျွတ်ဆီမီးပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်
အမှတ်တရဓာတ်ပုံများ






ပီယ၀ါစာ= ချစ်ဖွယ်သောစကား

လောကရှိ လူသားများသည် ပီယ၀ါစာ=ချစ်ဖွယ်သောစကားကိုဆိုခြင်း ဟူသော စကားကို ကျင့်သုံးသင့်၏။ ပီယ၀ါစာသည် အလွန်အရေးပါ အရာရောက်သော စကားဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ပထမဦးဆုံးတွေ့ဆုံသောအခါ ပုဗ္ဗ၀ါစာဟူသော ရှေ့ဦးစကားသည် ပီယ၀ါစာ=ချစ်ဖွယ်စကားဖြစ်သင့်၏။ ထိုသို့ ပီယ၀ါစာကို ပြောဆို၍ဆက်ဆံမှသာ တစ်ဦးတစ်ဦး ဆက်ဆံရာတွင် အဆင်ပြေ အစင်ချောမည်ဖြစ်၏။ ထို့ကြောင့် လောကရှိ လူသားများသည် ပီယ၀ါစာ= ချစ်ဖွယ်သော စကားကို ပြောဆိုဆက်ဆံသင့်၏။

တစ်ဦးနှင့်တစ်ဦး ပထမအကြိမ်တွေ့ဆုံရာ၌ ပုဗ္ဗ၀ါစာသည် ဖရုသ၀ါစာ=ရုန့်ရင်းကြမ်းတမ်းသော စကားဖြစ်လျှင် ပထမဦးဆုံး တွေ့ဆုံခြင်းသည် ကောင်းသော တွေ့ဆုံခြင်း ဖြစ်မည်မထင်ပေ။ မကောင်းသော တွေ့ဆုံခြင်းသာ ဖြစ်မည်ဖြစ်၏။ ..၀င်ဝင်ချင်း ဆောက်နှင့်ထွင်း…ဟူသော မြန်မာစကားပုံ ရှိသကဲ့သို့ဖြစ်၏။ ၀င်ဝင်ချင်း ဆောက်နှင့်ထွင်း..ဟူသော စကားသည် အလွန်လေးနက်သော စကားဖြစ်၏။ ဥပမာအားဖြင့် လုပ်ငန်းတစ်ခုကို ပထမဦးဆုံး လုပ်ကိုင်ရာ၌ သူဌေး သို့မဟုတ် အလုပ်ရှင်များက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်များကို ဖိနှိပ်စွာခိုင်းခြင်းများ ပြုလုပ်လျှင် အသစ်ဝင်လာသော ပုဂ္ဂိုလ်သည် အတွေ့အကြုံမရှိသော ကြောင့် သူတို့ ဆက်ဆံသောစကား၊ သူတို့ခိုင်းသော အလုပ်ကို ပြေလည်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ပေ။ မလုပ်ကိုင်နိုင်သောအခါ ထိုသူသည် စိတ်ပျက်အားငယ်ပြီး ဆက်လက်လုပ်ချင်စိတ် ရှိမည်မဟုတ်။ ထိုသူသည် သူဌေး သို့မဟုတ် အလုပ်ရှင်များကိုပင် အကောင်းမြင်မည်မဟုတ်၊ အဆိုးမြင်သွားမည်ဖြစ်၏။ အဆိုးမြင်ခြင်းသည်လည် ကောင်းသော အရာမဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော ပြုမူများကို ရှောင်ရှားသင့်၏။

လူမှုဆက်ဆံရေးတွင်လည်း ထို့အတူပင်ဖြစ်၏။ မိမိဆီသို့ရောက်လာသော သူများကို မိမိက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံလျှင် ထိုသူများသည် မိမိဆီသို့ နောက်တစ်ခါ ရောက်လာမည်မဟုတ်ပေ။ ပီယ၀ါစာဟုခေါ်သော ချစ်ခင်ဖွယ်စကားကို ပြောဆိုပြီး ဆက်ဆံမှသာလျှင် ဆက်ဆံရေးသည် အဆင်ပြေပြီ ရေရှည်လက်တွဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ချစ်ဖွယ်သော စကားကိုသာ ပြောဆိုသင့်၏။

လောကရှိ လူသားများသည် အရွယ်သုံးပါးလုံး၌ ချစ်ဖွယ်သော စကားကို ပြောဆို၍ လူမှုဆက်ဆံရေး ပြုလုပ်သင့်၏။ မိမိက အသက်ကြီးသည် မိမိဆီ ရောက်လာသော ဧည့်သည်ကား အသက်ငယ်သေး၏ ထိုသူကို မိမိသည် ကြမ်းတမ်းသောစကားဖြင့် ပြောဆိုဆက်ဆံသော်လည်း ထိုသူသည် မိမိကို လေးစားလိုက်မည်၊ လက်ခံလိုက်မည်ဟူ၍ တွေးပြီး မဆက်ဆံသင့်ပေ။ ပြောဆိုလိုက်သော ပုဂ္ဂိုလ်သည် ပြောပြီးလျှင် ပျောက်သွားသော်လည်း အပြောခံရသော ပုဂ္ဂိုလ်ကား မေ့ပျောက်နိုင်မည်မဟုတ်ပေ။ မိမိက အသက်ကြီးသော်လည်း ရောက်လာသော ဧည့်သည်ပရိသတ်တို့အား ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ဧည့်ခံခြင်းသည် အကောင်းဆုံး၊ ခွန်အားအရှိဆုံး ဆက်ဆံရေးဖြစ်၏။ ထို့ကြောင့် စာဖတ်သူများသည်လည်း ထိုပီယ၀ါစာကို မျက်ကွယ်မပြုသင့်ပေ။

မည်သို့သော ကိစ္စပင်ဖြစ်စေ ပီယ၀ါစာသည် အလွန်အရေးကြီး၏။ မြတ်စွာဘုရားရှင်သည်ပင် ဖရုသ၀ါစာကို မပြောကြားရန် ပြောဆိုဆုံးမခဲ့၏။ ဖရုသ၀ါစာဟူသော ကြမ်းတမ်းစွာပြောဆိုခြင်းကို မြတ်စွာဘုရားရှင်သည် ၀ါစီကံ အကုသိုလ် ဟု ဟောကြားခဲ့၏။ မိမိကိစ္စ၊ မိမိလုပ်ငန်စသည်များ လုံးဝပြည့်စုံ အောင်မြင်လိုလျှင် လောကရှိလူသားများသည် ပီယ၀ါစာကို ကျင့်သုံးသင့်၏။ ပီယ၀ါစာကို ကျင့်သုံးသော ပုဂ္ဂိုလ်တိုင်းသည် လောကတွင် မအောင်မြင်သူမရှိ၊ အမှန်ပင် အောင်မြင်ရမည်ဖြစ်၏။ အသက်ကြီးသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များက ပြောဆိုဆုံးမ သြ၀ါဒပေးလျှင် “ကြမ်းတမ်းသောစကားကို မပြောဆိုကြပါနှင့်၊ ချစ်ဖွယ်သော စကားကိုသာ ပြောဆိုကြပါ“ဟု ဆုံးမလေ့ရှိ၏။ ပီယ၀ါစာသည် လောက၌ မည်မျှ အရေးကြီးသည် အရေးပါသည်ကို စာဖတ်သူများ သိသာနိုင်ပြီဖြစ်၏။ ကြမ်းတမ်းသော စကားကို ပြောဆိုဆက်ဆံလျှင် လူသာလျှင်မကြိုက်သည်မဟုတ် တိရိစ္ဆာန်များပင် မကြိုက်ကြပေ။

ထိုသို့ တိရိစ္ဆာန်များ ကြမ်းတမ်းသော စကားဆိုခြင်းကို မကြိုက်ကြလျှင် လောကရှိလူသားသည်ကား ဆိုဖွယ်မရှိချေ။ အမှန်ပင် မကြိုက်ကြမည်ဖြစ်၏။ ထိုကြောင့် ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို ရှောင်ရှားနိုင်၍ ပီယ၀ါစာ=ချစ်ဖွယ်သော စကားကိုသာ ကျင့်သုံးသင့်ကြောင့် စာဖတ်သူများအား တိုက်တွန်းချင်၏။

အချုပ်ဆိုရသော် ပုဗ္ဗ၀ါစာဟု ခေါ်သော ရှေ့ဦးစကား၌ ပီယ၀ါစာ=ချစ်ဖွယ်သောစကား၊ ဖရုသ၀ါစာ=ကြမ်းတမ်းသော စကားဟူ၍ ပြောဆိုခြင်းနှစ်မျိုးအနက် လောကရှိလူသားများသည် ပီယ၀ါစာဟုခေါ်သော ချစ်ဖွယ်စကားကိုသာ ပြောဆို၍ ဆက်ဆံသင့်ကြောင့် ဖော်ပြလိုက်ရပါသည်

သားရွှေ