ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

ရဟန်းခံရှင်ပြု စုပေါင်းမဟာဘုံကထိန်ပွဲတော်

၂၉.၁၀.၂၀၁၁ ရက်နေ့တွင် ချာပဟေး၊ နော့ကရိုလိုင်နားပြည်နယ်၊ အမေရိကန်ရှိ ဓမ္မိကာရာမသာသနာ့ရိပ်သာကျောင်းတိုက်တွင် ရှင်ပြု ရဟန်းခံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကျင်းပခဲ့သည်။















ဓမ္မိကာရာမ ရဟန်းခံ ရှင်ပြု စုပေါင်းဘုံကထိန် တိုက်တွန်းနှိုးဆော်လွှာ

ရေနံချောင်းဆရာတော်ကြီးနှင့် ဓမ္မိကာရာမ အမှတ်တရဓာတ်ပုံများ





ဓမ္မိကာရာမ ရဟန်းခံ ရှင်ပြု စုပေါင်းဘုံကထိန် ဖိတ်ကြားလွှာ

ကရင်ရိုးရာလက်ချည်ပွဲတော်






၂၁.၀၈.၂၀၁၁-နေ့ အမေရိကန်နိုင်ငံ၊ မြောက်ကရိုလိုင်းနား၊ ချာပယ်ဟေး တွင်ရှိသည် ဓမ္မိကာရာမ သာသနာ့ရိပ်တွင် ကရင်ရိုးရာလက်ချည်ပွဲကို ကျင်းပခဲ့ကြသည်။
ထိုလက်ချည်ပွဲသို့ ကရင်လူမျိုးအများစုနှင့် ကရင်အမျိုးသားမဟုတ်သော ဖိတ်မံထားသည် ပုဂ္ဂိုလ်များ တက်ရောက်ကြခဲ့သည်။ ထိုကရင်လက်ချည်ပွဲ ကို နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေ့တွင် ပြုလုပ်ကျင်းပကြသည်ဟုဆို သည်။ လက်ချည်ပွဲ၏ ဆိုလိုရင်း သဘောအဓိပ္ပါယ်မှာ ကရင်အမျိုးသားများ ၏ ဆင်းသက်လာပုံနှင့် မိဘဘိုးဘွားများနှင့် ကွဲကွာနေကြသော သားသမီး၊ မြေမြစ်များနှင့် မိသားစုများ ပြန်လည်ဆုံတွေ့ခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟများ နှင့် ပြန်လည်ဆုံတွေ့ခြင်း၊ လူကြီးမိဘများ၏ ဆုံးမစကားကို နာယူခြင်းနှင့် တစ်မျိုးသားအားလုံး တစ်နေရာတည်း ဆုံဆည်းခြင်းစသည်ဖြင့် အဓိပ္ပါယ်ရ သည်ဟု ကရင်အမျိုးသားတစ်ဦးက ပြောပြပါသည်။
မနက် (၉)နာရီးထိုးတွင် အခမ်းအနားကို စတင်သည်။ အခမ်းအနားတွင် ကရင်အမျိုးသားများဆင်းသက်လာပုံနှင့် ကရင်လူမျိုးများ မိမိတို့၏ ရိုးရာ ဓလေ့ထုံးဓမ်းကို မပျက်အောင် ထိန်းသိမ်းသင့်ကြောင့်၊ မိမိတို့အချင်းချင်း စည်းလုံးသင့်ကြောင်းစသည်ဖြင့် တာဝန်ရှိပုဂ္ဂိုလ်က ပြောသွားပါသည်။ ထို့နောက် ကြိုတင်ပြင်ထားသော အပ်ချည်ကြိုးများဖြင့် အသက်ကြီး ပုဂ္ဂိုလ်များက လူငယ်များအား လက်တွင် အပ်ချည်များ ချည်ပေးလေသည်။ နံနက် ၁၀-နာရီခွဲတွင် အခမ်းအနား ပြီးဆုံးသွားပါသည်။
အခမ်းအနားအပြီးတွင် ပင့်ဖိတ်ထားသော ရဟန်းသံဃာတော်များအား ဆွမ်း ကပ်ခြင်း၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း များ ပြုလုပ်ကြပါသည်။
ထိုလက်ချည်ပွဲသည် ကရင်အမျိုးသားများ၏ ချစ်စရာ ဓလေ့တစ်ခုဖြစ်သည်။ မိဘဘိုးဘွားများနှင့် နွေးထွေးစွာ ဆုံတွေ့ခွင့်၊ မိမိတို့အမျိုးသားများနှင့် ဆုံဆည်းခွင့်နှင့် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးခွင့်များရရှိကြပါ သည်။ ထိုဓလေ့ထုံးစံကို ရိုးရာမပျက် ထိန်းသိမ်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံချုပ်လိုက်ပါသည်။

သက်ကြီးပူဇော်ပွဲနှင့် မြန်မာ့အတာသင်္ကြန်ပွဲတော်

Burmese in North Carolina Pay Respect to Elders and Celebrate Thingyan (Burmese New Year) Event

ဓမ္မိကာရာမကျောင်းတိုက် သက်ကြီးပူဇော်ပွဲနဲ့ သင်္ကြန်ပွဲတော်






မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ ဘာသာပေါင်းစုံ ညီညွတ်မှု တွေ့ ဆုံဆွေးနွေးပွဲ။ ၂၄-ရက်၊ မတ် - ၂၀၁၁

ဓမ္မိကာရာမကျောင်းတွင် ၂၀၁၁ မတ်လ ၂၃ရက်နေ့ ည၇နာရီမှ ၉နာရီ အထိ ကျင်းပပြုလုပ်သော မြောက် ကာရို လိုင်းနား ပြည်နယ်ရှိ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ ညီညွတ်မှု တွေ့ ဆုံဆွေးနွေးပွဲတွင် ထေရ၀ါဒ၊မဟာယာန ဗုဒ္ဓဘာသာ၊ခရစ်ယာန် ၊မွတ်စလင်၊ ဟင်ဒူ၊ဂျူး၊ ဂျိမ်း ဘာသာရေး ခေါင်းဆောင် များနှင့် အတူ မြန်မာ ၃၀ခန့် - အပါအ၀င် ၁၀၀ခန့် တက်ရောက် ခဲ့ကြ သည်။

ဘာသာရေးအသီးသီး၏ ခေါင်းဆောင်များက မိမိတို့ နေရာဌာနများတွင် အပတ်စဉ် တွေ့ဆုံဆွေးနွေးပွဲလုပ်ရန် သဘောတူခဲ့ကြပြီး- ယခုအပတ်အလှည့်ကျနေရာကို မြန်မာ-ထားဝယ်ဘုန်းတော်ကြီး ဦးအဂ္ဂ ဓမ္မ ၏ ဓမ္မိကာရာမကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းး လူမျိုးအချင်းချင်း ဘာသာဝင်များ အချင်းချင်း ခိုက်ရန် ဒေါသ မဖြစ်ပွားစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။



















ဟစ်တိုင်

ရတနာစက္ကမြန်မာဗုဒ္ဓဘာသာစင်တာတွင်လည်း သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပမည်။