ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ရာသီဖျက်အိမ်



အလည်လာသူအတွက်

အချိန်မနှောင်းသေးပါဘူး

တိတ်တဆိတ်ပြန်သွားမှာကို

တိတ်တိတ်ကလေး စိုးရိမ်နေသူက ကိုယ်ပါ…….။


တကယ်ဆို လန်းလန်းဆန်းဆန်း

တပွင့်ပန်းဖြစ်သင့်တာပေါ့

ရာသီပိုးစားလို့

ဝေသင့်သလောက် မဝေဖြစ်ခဲ့တာက

ကံကြမ္မာလို့ ပြောရမလား။


ကံတရားကို ရိုးမယ်ဖွဲ့နေလို့

ဒီရာသီမပြောင်းလွဲနိုင်ပါဘူး

လုံးလမထူ၊ ဥာဏ်မကူပဲ

ဒီကံတရားက ခွန်အားရှိနိုင်ပါ့မလား။


ကျွန်တော် အိမ်ပြန်ချင်တာတောင်

မိုးက မလင်းနိုင်သေး

ဒီစိတ်ကူးတွေနဲ့

ည-ပျောက်ပေါင်းလည်း များပြီ။


အတွေးသစ်တွေစုပေါင်း

စည်းလုံးမှုချည်တိုင်မှာ

ညီညွှတ်ခြင်းကြိုးနဲ့

ရစ်ပတ်ထားမယ်ဆိုရင်

သံသရာ-ဒီလောက်မရှည်နိုင်ပါဘူး။


ရာသီမကောင်းတော့

လဲပြိုနေတဲ့ ဒီအိမ်ပျက်ကြီး

ပြုပြင်သူမဲ့နေတော့

ပင့်ကူတွေ မင်းမူလို့

ဘယ်အချိန် ပြန်လည်ဆောက်နိုင်မလဲ

ခြောက်ကပ်ကပ် မျှောက်လင့်ချက်တစ်ခု

ဝါးမျိုစားသောက်ရင်း…….

ဒီရာသီ မိုးကောင်းပါစေလို့ ဆုတောင်းနေမိတယ်။


သားရွှေ

နွံနစ် ဆန္ဒ



မပြောချင်ပါဘူး အတိတ်အကြောင်း
မကြားချင်ပါဘူး အနာဂတ်အကြောင်း
ငါလိုချင်တာ ပစ္စုပ္ပန်၊ ငါခိုနားရာ မျက်မှောက်ပါ
အရောင်မပြောင်းလွဲခင်၊ ငါလိုချင်တာ………ငြိမ်ဆေးတစ်ခွက်ပါ။

မိုင်ပေါင်းများစွာ ခရီးနှင်းပေမဲ့
လမ်းမပေါက် လမ်းစပျောက်နေတဲ့
ငါ့အဖြစ်ကို……..အမောပြေ ဆေးတစ်ခွက်
တိုက်လှည့်ပါ။

ပန်းတွေ ကြွေမသွားခင်
လန်းဆန်းခွင့် ခိုနားရာလေး….
အမှောင်မလာခင်
နေရာယူ အဆင့်သင့်လုပ်ပိုင်ခွင့်လေး……
ချည်တိုင်မဆွေးခင်…..ငါလိုချင်တာ အားဆေးတစ်ခွက်ပါ။

ဟောင်းနွမ်းနေတဲ့ ……..ဟို…..အိမ်ကြီး
ဘယ်ချိန်ပြန်လည်တည်ဆောက်နိုင်မလဲ
ငါ့အတွေးက တမျှော်တခေါ်
လှိုင်ထန်တဲ့ကြားထဲ
လှပတဲ့ ပွင့်ချပ်ကိုတော့
နမ်းခဲ့ချင်သား။

အိပ်မပျော်ဘဲ အိပ်မောကျနေတော့
နိုးရတာခက်သား
မောင်မင်းကြီးသား ကျန်းမာပါစေ။

သားရွှေ