ဘာမထီ သာယာဝတီ ဦးညေယျတဲ့လား။
လဲလျောင်းထောင်တွင်း ကြိမ်ကြိမ်နှင်းခဲ့။
လူလိုသိပါ ကိုယ်ချင်းစာတဲ့။
လူ့လိုစိတ်ဓာတ် အကျင့်မြတ်က။
လားနိုင်ပါယ်ရွာ မရှိရှာဘူး။
နွားလိုအသိ အကျင့်မရှိက။
လားရောက်ပါယ်ရွာ ပေါ်မလာဘူး။
သတင်းမှားစွာ ထုတ်ဖေါ်ကာဖြင့်။
တိကျမှန်ကန် မထုတ်ပြန်ဘဲ။
ထားဘိမှတ်တမ်း သမိုင်းလမ်းတွင်။
ဝေးလေဝေးလေ မေ့မနေဘဲ။
ဝေနီးမှာပင် မုန်းစိတ်ဝင်ခဲ့။
ရှောင်ကျင့်ဒုစရိုက် မရှိများစွာ။
ခွာသိလူ့ရွာ ထိုချိန်ခါဝယ်။
စဉ်းငယ်အမျှ ပေါ်၍မရဘူး။
စားခြင်းအိပ်ခြင်း သိလျင်းနှင့်။
ပါပါဒုစရိုက် သူကျင့်လိုက်တာ။
နေမင်းရာဇာ (အသျှင်အဂ္ဂဓမ္မ)
ဖြေရှင်းချက်-ပါပါဟူသောစကားသည် မကောင်းမှုကို ဆိုလိုပါသည်။
ပထမဆုံးတလုံးမှ အောက်သို့ တလုံးစီစဉ်၍ဖတ်ပါမှ အဓိပ္ပါယ်ထွက်ပါမည်။
ရခိုင်ဝန်ကြီးချုပ် ဦးညီပုသမီး မမိုးဆန်းစုကြည် ထောင် ၅ နှစ်ထပ်ချခံရ
-
လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်လာသေးတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ကို
ကမာရွတ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တဲ့သတင်းအပါအဝင် ဇူလိုင် ၇ ရက်
နိုင်ငံတဝန်းနဲ့ ကမ္ဘ...
19 hours ago